Chapter 4

6.2K 526 7
                                    

Unicode

ဘေးတစ်ဖက်တစ်ချပ်မှာရှိသောအပျိုတော်များနှင့်အစေခံများမှာတော့ အမှုမဲ့အမှတ်မဲ့ကြည့်မိလျှင်သူတို့ခေါင်းပြတ်သွားနိုင်သလိုမျိုး ထိုမြင်ကွင်းအားမကြည့်နိုင်ပဲ အံ့သြမှင်သက်ရသည်။

အင်ပါယာကြီးရဲ့ဝမ်ဂျွန်က ဒီလိုမျိုး တခြား အလှလေးတစ်ယောက်ကိုစိတ်ဝင်စားပြီဆိုရင်တောင်မှဘယ်တော့မှ အနားကပ်ခံတာမဟုတ်ဘူး....။အခုတော့ ကြည့်ပါအုန်း..အစိမ်းရောင်မျက်ဝန်းပိုင်ရှင်တစ်ဖက်နိုင်ငံကကောင်လေးကို ကိုယ်လုပ်တော်ယွန်းလက်ထဲကနေ ကယ်တင်ပေးရုံအပြင် ရင်ခွင်ထဲပါထည့်ထားသေးတယ်....

ဘေးနားမှခြံရံလိုက်ပါလာသောအထိန်းတော်များ သူတို့နှစ်ယောက်ကိုစေ့စေ့မကြည့်ဘူးဆိုတာသိသော်လည်း ထယ်ယောင်းအလွန့်အလွန်ပင်ရှက်ရွံ့နေကာ အငွေ့ပြန်ချင်စိတ်ပါပေါက်ပါသည်။

လက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်ထားသော ဝမ်ဂျွန့်နဂါးဝတ်ရုံကြီးရှိ ရင်ဘတ်နေရာအား လွှတ်လိုက်ပြီး လေသံလေးဖြင့်သာ ထယ်ယောင်းသတိပေးလိုက်သည်။ဒီအချိန်မှာ ဧကရာဇ်ရဲ့မျက်နှာကိုလဲသူမကြည့်ရဲဘူးလေ...။

"အ..ရှင် လွှတ် လို့ ရ ပြီ"

ကိုယ်ကိုကျုံ့ထားသောကြောင့်ယောင်းငယ်ခေါင်းကတော့အရှင့်ရင်ဘတ်ပေါ်တွင်ရောက်နေပြီး ထို့နောက် သူ၏နားဝသို့ တိုးညှင်းသောစူးရှသည့်အသံခပ်သြသြရောက်ရှိလာ၏။

"ဝမ် လွှတ်လိုက်ရင် မောင်မင်း ထွက်ပြေးသွားမှာပေါ့"

ပန်းနံ့တစ်မျိုးအရှင့်ဆီမှသင်းသင်းလေးရနေသည်။ဝမ်ဂျွန်သူ့မျက်နှာရှေ့သို့တိုးကပ်လိုက်သည့်အချိန်က ထိုရနံ့ကိုသူသတိထားမိသွား၏။

ဝမ်ဂျွန် အားမော့ကြည့်ကာ ဂတိအထပ်ထပ်ပေးနေရသည့်အဖြစ်ကလဲ တံတိုင်းကြီးသူ့အပေါ်ပြိုကျလာမှာကို တောင့်ခံနေရသလိုပဲ။အဟင်း! ဧကရာဇ်အရှင်က တအားဆွဲဆောင်မှုရှိတယ်လို့..

"အာ ကျွန်တော်ထပ်ပြီး ထွက်မပြေးတော့ပါဘူး။
ကတိ ကတိ!အရှင်မယုံဘူးလား ဟင်"

သံမဏိဖြင့်ထုဆစ်ထားသောနှုတ်ခမ်းတစ်စုံဟာ အထက်သို့အနည်းငယ်ကွေးတက်သွား၏။အရှင်က တည်နေတဲ့အချိန်နတ်ဆိုးတစ်ကောင်လို ဆွဲဆောင်နိုင်ပြီး ရီလိုက်တဲ့အချိန်မှာတော့ နတ်ဘုရားတစ်ပါးလိုချောသည်။ဒါ သူ အပိုပြောနေတာမဟုတ်ဘူး...ခင်ဗျားတို့လဲ မြင်ရင်အဲ့ထက်တောင် အမွှန်းတင်နေအုန်းမှာ။

𝑲𝒊𝒏𝒈𝒅𝒐𝒎 𝑶𝑭 𝑱𝑬𝑶𝑵 (Completed) Where stories live. Discover now