စိတ်ဆိုးနေတဲ့ဧကရာဇ်အရှင်

4.1K 436 27
                                    

//Extra-အချပ်ပို//   ( Unicode )

မနက်ခင်း နန်းတော်ညီလာခံကျင်းပနေချိန်ဖြစ်သည်။လွန်ခဲ့တဲ့သုံးနှစ်ကမှ ခန့်အပ်ထားသောမူးမတ်သစ်တချို့နှင့် အရင်မူးမတ်ဟောင်းများက ရိုကျိုးစွာ ကြမ်းပြင်သို့ ဦးတိုက်ထားကြသည်။

ပလ္လင်တော်ပေါ်၌ တည်ငြိမ်စွာထိုင်နေသည်က ဧကရာဇ်အရှင်။ ။

"မောင်းမဆောင်ကလူတွေအကုန် ဝမ်က လွတ်ငြိမ်းခွင့်ပြုတယ်။ဒါကြောင့် ပြန်ကြားရေးအမတ်ကြီးက အမိန့်တော်ကို ကြေညာလိုက်ပါ။ကိုယ်တော့်မိဖုရားက
ဧကရီ ကင်မ် တစ်ယောက်ထဲပဲဖြစ်ရမယ် "

တွန့်ဆုတ်တွန့်ဆုတ် နှင့် အထွန့်တက်ချင်နေသောအမတ်များရှိသော်လည်း ခေါင်းနဲ့ကိုယ်တလွဲဖြစ်သွားမှာကြောက်လို့ ကြိတ်မှိတ်ခံနေကြသည်။

ဒါက ဧကရာဇ်ရဲ့ ဘဏ္ဍာကိုထိန်းသိမ်းရာရောက်ပင်မဲ့ သူတို့ရဲ့ဝင်ငွေကတော့လာဘ်တိတ်သွားသည်။

ပြီးတော့ ဧကရီကယောကျာ်းလေးတစ်ဦးမို့ သားဖွားခြင်းမပြုနိုင်သလို ဝူယောင်းကလဲ ဘုရင့်ရဲ့သွေးသားရင်းမဟုတ်လို့ နန်းမွေကိုဆက်ခံလို့မရဘူး....။မတတ်နိုင်ဘူး။
အရှင့်ကို ငြင်းဆန်လို့မရနိုင်ပင်မဲ့ဥာဏ်နီဥာဏ်နက် ဥာဏ်သက်တန့်တွေကိုပဲထုတ်သုံးရတော့မယ်...

"အရှင် တချို့ကိုယ်လုပ်တော်တွေက ဆွေမျိုးမရှိတော့တဲ့အတွက် သွားစရာနေရာမရှိပါဘူးအရှင်"

ဂျွန်ဂျောင်ကု မျက်ခုံးတန်းတို့ဟာ တွန့်ချိုးသွားသည်။မှောင်ရိပ်စွန်းနေသောမျက်နှာကြောင့် ရှင်းလင်းစွာသိပ်မမြင်ရ....

"ငါကိုယ်တော်က သနားညှာတာသောအားဖြင့် ကိုယ်လုပ်တော်ရာထူးဖြုတ်ချပြီး သူတို့အတွက်အနောက်နန်းဆောင်မှာနေထိုင်ခွင့်ပြုမယ်။"

"ကြီးမြတ်လှကြောင်းပါ အရှင်"

မတတ်နိုင် နောက်ကိစ္စနောင်ရှင်းပေါ့။

"မောင်မင်းတို့မှာ တခြားလျှောက်တင်စရာရှိသေးလား?"

"အရှင့်ရဲ့ဘုန်းတန်ခိုးတွေကြောင့် ဂျွန်အင်ပါယာကြီးက သာယာငြိမ်းချမ်းဆဲပါအရှင်"

𝑲𝒊𝒏𝒈𝒅𝒐𝒎 𝑶𝑭 𝑱𝑬𝑶𝑵 (Completed) Where stories live. Discover now