Unicode
(Warning sexual adult)
ထယ်ယောင်းစိတ်တွေမတည်ငြိမ်နိုင်....။
သူအိပ်မက်တွေမမက်တော့ပင်မဲ့...သူနိုးလာတဲ့အခါတိုင်း သူ့အိပ်ရာပေါ်မှာ အရှင့်ရဲ့ ကိုယ်သင်းနံ့လေးရနေတတ်တယ်....။ထယ်ယောင်း စားပွဲပေါ် မေးတစ်ဖက်ထောက်ကာ...ကျန်တစ်ဖက်ကတော့ ငွေရောင် ဓားမြှောင်လေးအား လှည့်ပတ်ဆော့ကစားနေသည်။မျက်ဝန်းနက်များက ငွေရောင်ဓားကလေးကိုငေးကြည့်နေပင်မဲ့ သူ့စိတ်တွေဟာ တောင်စဥ်ရေမရ အတွေးတွေနဲ့။
အဖြစ်အပျက်တွေကိုမှတ်မိကာစ ရှိနေသေးတဲ့သူ နဲ့ အခုချိန်ထိ ထယ်ယောင်းကိုစောင့်နေသေးတဲ့အရှင်....။သူလေ တရားရောတရား ပါရဲ့လား??
အို...ဘာလို့မတရားရမှာလဲ။ဒါဟာ ထယ်ယောင်းရဲ့မွေးစားအမေတွေကို သတ်ခဲ့တဲ့ ကိုကိုပေးတဲ့အပြစ်ဒဏ်ပဲလေ........အစကနေ ပြန်စရတဲ့အချိန်မှာ အကယ်လို့ ထယ်ယောင်းအရှင့်ကိုမချစ်တော့ပဲ တိုက်ခိုက်ချင်ခဲ့မယ်ဆိုရင် ဝမ်ဂျွန် ဘာလုပ်မှာလဲ....။
ထယ်ယောင်းကို သတ်ပစ်မှာလား????
ညဥ့်နက်နေပင်မဲ့ ထယ်ယောင်းအိပ်လို့မပျော်ပေ။
နံရံဘက်အားမျက်နှာမူရင်း သူ့အတွေးတွေနဲ့ ပြည့်နှက်နေခိုက် ကျောဘက်မှ တံခါးဟာရုတ်တရက်ပွင့်လာခဲ့သည်။လုပ်ကြံသူများလား....ပထမ တစ်ခါကလိုလေ...တောင့်တင်းသွားသောကျောပြင်နှင့်အတူ စောင်အောက်ထဲမှ ငွေဓားမြှောင်လေးကိုလဲ တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်သည်။တဖြေးဖြေး တိုးကပ်လာသော ခြေလှမ်းတွေနဲ့အတူ ထိုပုံရိပ်က သူ့အနောက်တည့်တည့်ရောက်လာခဲ့သည်....ငုံ့မိုးလာတဲ့ကိုယ်ဟန်ကြောင့် တစ်ခုခုဖြစ်တော့မှာသိတဲ့ထယ်ယောင်း ရှောင်လိုက်ရင်း ထိုလူကိုပါ အိပ်ရာထဲ ဆွဲချလိုက်တော့သည်။
အခြေနေဟာ တခဏချင်း ကပြောင်းကပြန်တွေဖြစ်သွားခဲ့ပြီး လုပ်ကြံသူ၏လည်ပင်းအား ထယ်ယောင်း ခွကာ ဓားထောက်နိုင်ခဲ့တယ်...။အသက်ကိုပြင်းပြင်းရှူရင်း ဟင်?? အရှင်??
"ထယ်ယောင်းငယ်??....ကိုယ်တော့်ကို အဲ့လောက်တောင်ပဲ မင်းမုန်းလား? "
YOU ARE READING
𝑲𝒊𝒏𝒈𝒅𝒐𝒎 𝑶𝑭 𝑱𝑬𝑶𝑵 (Completed)
Historical Fiction"ငါကိုယ်တော် ချစ်မြတ်နိုးလွန်းလို့.. ထယ်ဂွန်းငယ်က ဆိုးနေတာ" ... #Warning# 𝐖𝐚𝐧𝐠 𝐉𝐞𝐨𝐧♡︎ 𝐊𝐢𝐦 acient historical fanfic both Z + U