Chapter 23

3.7K 377 13
                                    

uni

"ဒီနိုင်ငံကို ကျုပ်တို့လက်ထဲကိုပေးလိုက်...မဟုတ်လဲ ဝမ်ဂျွန့်ဆီမှာ အဆိပ်က မိနေပြီလေ။ဒီမှာဝိုင်းထားတာလဲ ကျုပ်တို့ လူတွေကြီးပဲ ကျွတ်စ် ကျွတ်စ် ကျွတ်စ် သနားစရာပါလားဗျာ..."

သူတို့မှာတစ်ကယ်ပင်ပြေးပေါက်မရှိချေ။
သူတို့ကိုကာကွယ်ပေးထားသော ဒီကိုယ်ရံတော်၅ဦးမျှက များစွာသော ရဲမက်တွေကို အဘယ်သို့ ယှဉ်ပြိုင်နိုင်ပါ့မလဲ...

သို့သော် ဂျွန့်မျက်နှာဟာ တစ်ချက်မပျက်သွားဘူး။ဒေါသကြောင့် ညို့မှောင်နေတဲ့ မျက်ခုံးတန်းတွေနဲ့ နဖူးသွေးကြောတွေသာထင်းလို့နေတယ်...။

ထယ်ယောင်း ဝတ်ရုံအောက်က အရှင်ပေးခဲ့သော ငွေရောင်ဓားမြှောင်လေးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။

...သူသေရမှာမကြောက်ဘူး..
အရှင်နဲ့သာဆိုရင် သူဘာပဲလာလာရင်ဆိုင်တွေ့မယ်။ ။ ဒါပင်မဲ့ မျက်နှာတစ်ချက်မပျက်တဲ့ဂျွန်က  တဖြေးဖြေး နှုတ်ဖျားတွေ သွေးလည်မပတ်တော့သလို ဖြူဖျော့လာတဲ့အခါ ထယ်ယောင်းကြောက်စိတ်တို့ ဝင်ရောက်လာဲခဲ့တယ်..

ဆုံးရှုးရမှာ ကြောက်တဲ့စိတ်တွေနဲ့ အေးစက်နေတဲ့လက်ဖျားတွေက အရှင့် လက်ချောင်းတွေကိုအားကိုးတကြီး ဆုပ်ကိုင်လိုက်တယ်...။

သူ သူ ဒီလိုမျိုး အရှင့်ကိုဆွဲထားရင် အရှင်ထွက်မသွားတော့ဘူးမဟုတ်လား။

အေးစက်စက် လက်ချောင်းလေးတွေထိတွေ့လာတဲ့အခါ ဂျောင်ကုစိတ်တို့ကိုပြန်ထိန်းချုပ်လိုက်ပြီး ချစ်ရသူ မကြောက်စေဖို့ လက်ကိုခပ်ဖွဖွဖိညှစ်ကာ ပြုံးလိုက်သည်။

"ကိုယ်တော် အဆင်ပြေတယ်..ထယ်ဂွန်းလေး မကြောက်နဲ့"

စိမ်းပြာရောင်မျက်ဝန်းတစ်စုံမှာ မော့ကြည့်တဲ့အခါ အရည်ကြည်တို့လဲ့နေမှန်း သက်သေပြနေ၏။

မှိုင်းညှို့ညှို့တိမ်တွေအောက် လေပြင်းတစ်ချက်တိုက်ခတ်အပြီး ဂျွန်အင်ပါယာကြီး ရဲ့ဧကရာဇ်အရှင်ဆီက လှောင်ရီသံခပ်ဖျော့ဖျော့ထွက်လာခဲ့သည်။

ရုပ်သေသေသွားတဲ့အမတ်တွေနဲ့....
ခြေတစ်လှမ်းနောက်ဆုတ်သွားတဲ့ရဲမက်တွေဟာ အသီးသီးကြောက်ရွံ့စိတ်တွေနဲ့..။

𝑲𝒊𝒏𝒈𝒅𝒐𝒎 𝑶𝑭 𝑱𝑬𝑶𝑵 (Completed) Where stories live. Discover now