Chapter 9

5.5K 460 13
                                    

uni

နောက်ထပ်နှစ်ရက်ကြာတော့..ထယ်ယောင်းဆီ လူတစ်ယောက်ထပ်ရောက်လာခဲ့ပြန်သည်။သို့သော် ဝမ်ဂျွန်တော့မဟုတ်ခဲ့။

သူများနေရာတွင်ဘာအလုပ်မှမရှိပဲ...ထယ်ယောင်းထိုင်နေရသည်။တချို့တွေဆို ထယ်ယောင်းနားတောင်မကပ်ရဲကြတော့...ဘုရင့်ကိုယ်လုပ်တော်ဆိုသည့်ရာထူးကြီးဟာ သူ့နောက်ကို စတင် လိုက်နေပြီဖြစ်သည်။

အခုဧည့်သည်ကိုတော့ ဆောင်ကြာမြိုင်ကလူတွေမသိသော်လည်း ရိုရိုသေသေဆက်ဆံရသည်။ပြောလို့ရတာမဟုတ် ထယ်ယောင်းက ကိုယ်လုပ်တော်တစ်ယောက်မို့လား...သူနဲ့သက်ဆိုင်တာက နန်းတွင်းကအဆင့်အတန်းမြင့်ရာထူးကြီး ပုဂိုလ်တွေကြီးပဲလေ...သူတို့သာမရိုသေရင် သူတို့ခေါင်းလေးတွေ ပါသွားမှာပေါ့!

"အာ...စစ်သူကြီးမင်?အရှင်လွှတ်လိုက်တာလား...ဒါဆိုရင်တော့ ကျွန်တော်နန်းတော်ထဲ ပြန်လိုက်မှာမဟုတ်ကြောင်းရှင်းရှင်းလင်းလင်းပြောပါရစေ"

တွေ့တွေ့ချင်း စီးကြိုကာနှုတ်ခွန်းဆက်လိုက်သည့်စကားမှာ တခြားလူသာဆို ခေါင်းပြတ်စေနိုင်သည်...။သိုသော် ယခုတော့ဧကရာဇ်ရဲ့အချစ်တော်လေးမဟုတ်ပါလား...

စစ်သူကြီးမှာ အေးစက်စက်ပုံစံဖြင့်နေသော်လည်း နွေးထွေးတဲ့လူတစ်ယောက်မှန်း အပြုအမူတွေကအစနားလည်နိုင်သည်။မင်ယွန်းဂီက ရေခဲတုံးမျက်နှာထားနဲ့ ကြောင်လေးလိုလူတစ်ယောက်ပဲလေ....

"ကိုယ့်ကို ယွန်းဂီဟျောင်းလို့ခေါ်လို့ရပါတယ်..မင်းကတော့ကိုယ့်ကို တော်တော်အခက်တွေ့စေတယ်နော်...တာဝန်အရဆိုတော့ ဘယ်လိုလုပ်ရမလဲ?"

"ကျုပ်ဒီနေရာကနေထွက်သွားတော့မှာဗျ...တခြားနေရာတစ်ခုခုမှာပဲ အရှင်မတွေ့အောင်ပုန်းနေလိုက်တော့ မယ်"

ထယ်ယောင်းလဲယွန်းဂီမလာတုန်းကအထုတ်အပိုးတွေ ထုတ်ရင်း အလုပ်ရှုပ်နေတာဖြစ်သည်။သူ့မှာလဲ ထွက်ပြေးရုံကလွဲမရှိတော့....သူ ကိုကို့ကိုလဲရှာရအုန်းမယ်လေ...

"ဒါဆိုရင် ကိုယ်တို့အပေးယူလေးတစ်ခုလုပ်ရအောင်လေ....။ထယ်ယောင်းကို ဂျီမင်းနဲ့တွေ့အောင်လုပ်ပေးမယ်...ဒါပင်မဲ့ နန်းတော်ကို ပြန်လိုက်ခဲ့မှ"

𝑲𝒊𝒏𝒈𝒅𝒐𝒎 𝑶𝑭 𝑱𝑬𝑶𝑵 (Completed) Where stories live. Discover now