Chapter 20

4K 343 10
                                    

uni

"မယ်မယ်...ဘာကိုဆိုလိုချင်မှန်း နိမ့်ကျတဲ့ဒီအစေခံက တစ်ကယ်မသိကြောင်းပါ"

ထယ်ယောင်းနဖူးနှင့်ကြမ်းပြင်ထိကပ်ကာ အချိန်အကြာကြီး ဦးညွှန့်နေရသည့်တိုင် မယ်တော်ကြီးက အခုထိ မထခိုင်းသေးချေ။ဒါက တစ်ဖက်လက်နဲ့ သူ့ရဲ့လုပ်ပိုင်ခွင်အာဏာကို ထယ်ယောင်းအား သိစေလိုက်ခြင်း.....။

မယ်တော်ကြီးဟာ စိုးရိပ်သောကတွေသိပ်များနေတဲ့ပုံ...။ဒါပင်မဲ့ ထယ်ယောင်းကလေ အရှင့်ကိုချစ်ယုံလေးပါဘဲ။သူချစ်တဲ့သူကို တခြားသူတွေနဲ့ မဝေငှချင်ယုံလေးပါဘဲ...။ဝမ်ဂျွန်ဟာ တိုင်းပြည်ဧကရာဇ် ဖြစ်နေတဲ့အခါ သိမ်နုတ်လှတဲ့ သူ့ရဲ့အချစ်တွေက တခြားသူတွေအမြင်မှာ စည်းစိမ်မက်တဲ့ လူတစ်ယောက်ဖြစ်သွားလေသလား...။

"လာပါ...ရေနွေးကြမ်း တစ်ခွက်တစ်လေ သောက်ရအောင်ကွယ်။ဒီတလော နန်းတွင်းရေးရာတွေကလဲ အရမ်းရှုပ်ထွေးနေတယ်"

"ကျေးဇူးတင်ပါတယ်..မယ်မယ်ဘုရား"

အခုမှ သူ မတ်တပ်ရပ်ခွင့်ရသည်။အကြာကြီးဒူးထောက်ထားတာမို့...ခပ်ဖြေးဖြေးထရ၏။မဟုတ်ရင် ခြေခွင်ကာ လဲကျသွားနိုင်သောကြောင့်ဖြစ်သည်။

ငေးကြည့်နေတဲ့ စိမ်းပြာရောင်မျက်ဝန်းတွေရဲ့အလှကို သူမ မျက်ကွယ်ပြုလိုက်ပါသည်။မပြင်မခြယ်သထားသည့် မျက်နှာလေးကအစ ဝင်းပြီးချောမွေ့နေတာ သားတော်ဂျွန် သဘောကျနေတာလဲ ဘယ်ဆန်းတော့မလဲ...။

ကျောက်စိမ်းကြွေထည်ပန်းကန်လုံးထဲသို့ အနီးကပ်အစေခံတစ်ယောက်က ဖျော်စပ်ထားတဲ့ ရေနွေးကြမ်းကို ညှင်ညှင်သာသာ ငှဲ့ထည့်ပေးနေသည်။တစ်ခွက်အား ထယ်ယောင်းဆီသို့ကမ်းပေး၏။နောက်တစ်ခွက်ကိုတော့ မယ်တော်ကြီးက ဖြေးညှင်းစွာ ကိုင်ကာ သာသာလှုပ်နေ၏။

"မင်းခေါင်းပေါ်က ဖဲကြိုးဖြူလေးက ရင်းနှီးနေသလိုဘဲ..."

ဟုတ်ပါတယ်။မွန်ဂွန်းဟွပန်းအနီရောင်ဖျော့ဖျော့လေးတွေ ဖြင့် ထိုးရက်ထားသော ဖဲကြိုးလေးက အရှင် ကိုယ်တိုင်သူ့ကိုပေးထားပါသော အမှတ်တရပစ္စည်း လေးလေ...။အလောသုံးဆယ် ထွက်လာလိုက်တာနဲ့ သူတောင်သတိမထားမိခဲ့ဘူး။

𝑲𝒊𝒏𝒈𝒅𝒐𝒎 𝑶𝑭 𝑱𝑬𝑶𝑵 (Completed) Where stories live. Discover now