Chapter-1

16.8K 736 27
                                    

(Uni)

"ဝမ်ဂျွန်နှင့်တကွ...အင်ပါယာနိုင်ငံတော်ကြီး အဒွန့်ရှည်တည်မြဲပါစေသော်ဝ်"

ညိုနီရောင်မြေသားလမ်းမကြီးထက်၌ ဂုဏ်ပြုအောင်ပန်းပွင့်ဖတ်များဟာ ဖွေးဖွေးနီလို့ အပြည့်နေရာယူထားသည်။မြို့တော်ကြီးမှစလို့ အင်ပါယာနန်းတော်ကြီးထိ လူများဟာစီတန်းကာ မျှော်လင့်စောင့်စားနေကြသည်။ယနေ့ကဲ့သို့နေ့ကောင်းနေ့မြတ်၌ အင်ပါယာကြီး၏ဧကရာဇ်အရှင်ဟာ တစ်ဖက်နိုင်ငံအား ကျူးကျော်စစ်အောင်လို့ ကြွမြန်းလာတော့မည်။

များမကြာမှီ မြင်းခွာသံတွေနဲ့အတူ စစ်သည်တော် အများအပြားချီတက်လာသံကိုကြားလိုက်ရပြီး လူပေါင်းတို့၏လက်ခုပ်သံများဟာ ထိုအသံတို့ကိုပင် ဖုံးလွှမ်းသွားနိုင်ပေသည်။ကြီးမြတ်လှသော အရှင်ဂျွန်ဂျောင်ကု၏ ဘုန်းတန်ခိုးသြဇာအာဏာရာဇသံများကတော့ ထိုမျှထက်ပင် တုနှိုင်းမဲ့ပေသေး၏။

""အရှင်မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ""

ထိုအသံကြီးအဆုံးတိခနဲကျသွားသော လူအုပ်ကြီးမှာ မြေပြင်ပေါ်သို့ ဦးညွှတ်လိုက်သည်။

အနက်ရောင်လည်ဆံမွှေးများကမဲနက်တောက်ပြောင်နေကာ သန်မာလှသည့်မြင်းကြီးပေါ်တွင် တည်ငြိမ်စွာစီးနင်းလာသည့် ပြည့်ရှင်။

ခန့်ညားထည်ဝါလှပြီးဘယ်လူသားမှ တုပလို့မမှီနိုင်အောင် နတ်ဒေဝါတို့၏ ကောင်းချီးပေးခြင်းကိုခံထားရလေသူ။အမြဲတမ်း စူးရှနေသည့်မျက်ဝန်းနှင့် ဓားရိုးသဖွယ် မျက်ခုံးကတော့ ချောမောမှုများကိုအပိုစောင်းဖြည့်ထားသလိုနှင့်....ပြစ်ချက်မရှာနိုင်။

သက်တော်သုံးဆယ်ပင်မပြည့်သေးသော အင်ပါယာအရှင်က မင်းအုပ်ချုပ်မှုသက်တမ်းဟာ ဆယ့်ငါးနှစ်ပြည့်ချေတော့မည်။စစ်တိုက်ခြင်းကိုပျော်မွေ့ပြီး မင်းကျင့်တရားနှင့်အညီ တိုင်းပြည်ကိုအုပ်ချုပ်ပြီး ဂျွန်အင်ပါယာကြီးသည် လက်အောက်ခံနိုင်ငံများကိုပါ တစ်ဆင့်ထိန်းချုပ်ဖိနှိပ်နိုင်သေး၏။

ဒါဟာ အင်ပါယာဂျွန်အရှင်ရဲ့ စွမ်းဆောင်ချက်တွေပေါ့.....

ယခုလဲ အိမ်နီးချင်း ယဲ့နိုင်ငံအားချီတက်သိမ်းပိုက်ခဲ့ပြီး အောင်နိုင်ခဲ့ပြန်သည်။ယဲ့နိုင်ငံအား အညံ့ခံရန် ဖိအားပေးခဲ့သော်လည်း ငြင်းဆန်ခဲ့တာကြောင့် အပိုင်အဖြစ်သိမ်းယူခဲ့ခြင်းပေ။ထိုနိုင်ငံမှရရှိခဲ့သော သုံ့ပန်းများကိုတော့ ဂျွန်အင်ပါယာကြီးတွင်နေထိုင်စေကာ ကျွန်အဖြစ် အလုပ်အကျွေးပြုစေပါသည်။

𝑲𝒊𝒏𝒈𝒅𝒐𝒎 𝑶𝑭 𝑱𝑬𝑶𝑵 (Completed) Donde viven las historias. Descúbrelo ahora