Chapter-12

5.9K 478 7
                                    

uni

ထယ်ယောင်း ဝမ်ဂျွန့်ကိုသွားတွေ့ရမလားလို့ တစ်ယောက်တည်းတွေးနေမိတယ်။ဒီလိုမျိုးမပြောမဆိုနဲ့အပြင်ခိုးထွက်သွားတဲ့အတွက်သူမှားတယ်ဆိုတာသိပါတယ်....။

မေးထောက်ကာ  အတွေးလွန်နေသော ကောင်လေးမှာ မိုးချုပ်ကာ တော်တော်ပင်နောက်ကျနေပြီကိုသတိမပြုမိသေး...။မီရာကတော့ အနားနားမှာခစားနေပင်မဲ့ သူမ အိပ်ချိန်ရောက်ပြီဆိုတာကို  သတိပေးဖို့ ချင့်ချိန်နေသည်။

ဒီလိုမျိုးကြည့်နေရင်းမှာ ရုတ်တရက် တံခါးနှစ်ချပ်ဟာပွင့်လို့သွား၏။

"အရှင်က မွန်မြတ်ခြင်းရေစင်ကို လာခဲ့ဖို့မိန့်လိုက်ပါတယ်....။ကိုယ်လုပ်တော် ကင်မ် ကျေးဇူးပြုပြီး နောက်က လိုက်ခဲ့ပေးပါ"

ငယ်ငယ်ရွယ်ရွယ်ကောင်မလေးနှစ်ယောက်ဟာ ကျိုးနွံစွာ လာခေါ်တာကြောင့် မီရာနဲ့ထယ်ယောင်းတစ်ယောက်ကိုတစ်ယောက်ကြည့်မိလိုက်ကြသည်။အခုဆို ကိုယ်လုပ်တော်ယွန်းလဲမရှိတော့ဘူး.....ဒါကြောင့်လက်ရှိမှာ ထယ်ယောင်းကသာဘုရင့်အချစ်တော်တစ်ယောက်မှန်းအကုန်လုံးလက်ခံလိုက်ကြပြီဖြစ်မည်။

မီရာကတော့ ကာယကံရှင်တစ်ယောက်ထက်ပင် ပိုစိုးရိမ်နေပါသည်။ဟိုတစ်ခါကလို လိမ်လည်ပြီး ထယ်လေးကို ဆောင်ကြာမြိုင်ဆီပို့လိုက်ရင်ဘယ်လိုလုပ်မလဲ?? သူမစိတ်မချနိုင်ပေ။

"သခင်လေးကင်မ်သွားမယ်ဆို ကျွန်တော်မျိုးမပါ လိုက်ပါစောင့်ရှောက်ပါရစေ"

ကိုယ်ကိုကိုင်းလိုက်ရင်း လက်နှစ်ဖက်ယှက်လို့ခွင့်တောင်းနေတာကြောင့်ထယ်ယောင်း လက်ခံရန်သဘောတူပြီးမှ ကောင်မလေးတစ်ယောက်၏ကြားဖြတ်ပြောသံ။

"အရှင်က သခင်လေးကင်မ်တစ်ယောက်တည်းကိုပဲလာခဲ့ဖို့ပြောတာမို့...ကျေးဇူးပြုပြီးအခက်တွေ့အောင်မလုပ်ပါနဲ့ရှင်။ဒီကျွန်နှစ်ယောက်ကပဲ သခင်လေးကိုလမ်းပြပေးမှာမို့.. လိုက်ခဲ့ပေးပါနော်"

ဒုံမီရာတစ်ယောက်မကျေနပ်ပဲ တစ်ခွန်းထွက်ရန်ပြင်ပြီးမှ ထယ်ယောင်းမလိုက်ရန်တားလိုက်ရလေ၏။

"ကဲပါ။မီရာရယ်...တစ်ယောက်တည်းလဲရပါတယ်။စိတ်မပူပါနဲ့"

"ထယ်လေး...."

𝑲𝒊𝒏𝒈𝒅𝒐𝒎 𝑶𝑭 𝑱𝑬𝑶𝑵 (Completed) Where stories live. Discover now