Chapter 17

4.8K 422 9
                                    

uni

မြို့တော်ထဲရောက်သွားသည့် သူတို့သုံးယောက်မှာ ယဲ့နိုင်ငံသားများဖြစ်ကြသည့်အလျောက် ယိုဆန်းပွဲကို မိမိတို့နိုင်ငံထက်ပင် ခြိမ့်ခြိမ့်သဲကျင်းပသည်ကြောင့် အံ့သြပျော်ရွှင်နေကြသည်။

မီရာဆိုတဲ့သူမက...ယဲ့နိုင်ငံက အိမ်ပျက်တစ်ခုရဲ့သမီးပေါ့။ထိုအိမ်ပျက်ကြီးမီးလောင်သွားတော့သူမအသက်က13နှစ်တောင် မပြည့်သေး...။သူမဟာ ဆော့ကစားရတာနှစ်သက်သည့် မိန်းကလေးငယ်တစ်ယောက်သာရှိသေးသည်။နောက်သူမတို့အားလုံးကို လူတစ်စုက ခေါ်ဆောင်သွားသည့်တိုင် နယ်စပ်ရောက်မှ...သူမဘဝရောင်းစားခံလိုက်ရမှန်းသိလိုက်ရသည်။သို့သော်...သူမဘာလုပ်နိုင်မည်လဲ? 13နှစ်တောင်မပြည့်သေးတဲ့ကလေးတစ်ယောက်က ဘာများဆုံးဖြတ်တတ်မည်လဲ?

ယဲ့နိုင်ငံနယ်စပ်ကိုရောက်တော့ သူမလို ဘဝတူများကို မီရာတွေ့လိုက်ရသည်။သနားဖို့ကောင်းတာက ထိုသူတို့မှာ အဝတ်ညစ်နွမ်းနွမ်းမပြောနှင့် မမြင်အပ်သည့်နေရာလောက်သာ ပိတ်စအပိုင်းအစလေးတစ်ခုဖြင့် ကာထားနိုင် ကြသည်။ နောက် ကျွန်တွေ ရောင်းတဲ့နေရာ၌ သူမကိုပါ ကြိုးတုပ်ပြီး မတ်တပ်ရပ်ခိုင်းသည်။

သူတို့တွေက သက်မဲ့အရုပ်လေးတစ်ရုပ်လို ဘယ်သူလာဝယ်ယူမလဲစောင့်နေရသည့်အဖြစ်။ကယ်မဲ့သူမပြောနှင့် အပျိုအရွယ်မိန်းကလေးငယ်တစ်ယောက်ကို ထိကပါးရိကပါးလုပ်တာတောင်....ကြည့်နေတဲ့သူများက ကယ်မဲ့အစား ရွံရှာသလို ဟားတိုက်မျက်နှာလှည့်သွားကြသေးသည်။မီရာကြောက်တာပေါ့...ကြောက်လွန်းလို့သူမဘယ်သူ့ကိုမှ မကြည့်ရဲခဲ့ပါဘူး။

နောက်တော့သူမအရှေ့ကို အရိပ်လေးတစ်ရိပ်ရပ်လာတယ်...။အနီရောင်ဝတ်စုံ၊အနီရောင်နဖူးပတ်နှင့် ကျစ်စမြီးကိုခပ်မြင့်မြင့်ကျစ်ထားတဲ့ကောင်မလေးလေ....ချလူလေးတစ်ခုကပါ သူမခြေဖဝါးလေးလှုပ်လိုက်တိုင်း တချွင်ချွင်နဲ့...။

ဖုန်တွေသဲတွေပေရေနေတဲ့ မီရာ့မျက်နှာဟာ မျက်ရည်စီးကြောင်းဗလာပွနဲ့။ လက်ကိုနောက်ပစ်ပြီး ဒီမိန်းကလေးက သူမကိုခပ်စူးစူးလေးကြည့်တယ် ။အရွယ်ကလဲသူမနဲ့ရွယ်တူလောက်ပါဘဲ..ဒါပင်မဲ့ အဲ့ဒီ့ကောင်မလေးဘဝဟာ ကြည့်တာနဲ့ဘယ်လောက်ကောင်းမှန်းသိသာတယ်...။သူမ အလိုလို ဝမ်းနည်းလာတာကြောင့် အဲ့မိန်းကလေးကိုမကြည့်တော့ဘူးလေ။အဲ့ကောင်မလေးက သူ့ကိုကယ်ပေးနိုင်မှာမှ မဟုတ်တာ!! မေမေ့ပုံပြင်ထဲက လူစွမ်းကောင်းကြီး ပေါ်လာဖို့ပဲ မျှော်နေမိတော့တယ်..

𝑲𝒊𝒏𝒈𝒅𝒐𝒎 𝑶𝑭 𝑱𝑬𝑶𝑵 (Completed) Where stories live. Discover now