Chapter 15

4.8K 424 8
                                    

uni

ဘုရင့်ရဲ့ စူးရှရှအမိန့်သံသာ တိတ်ဆိတ်ခြင်းကိုဖြိုခွဲသွားသည်မို့ ရုတ်တရက် အားလုံး လန့်ဖြန့်ကုန်ကြသည်။ဧကရာဇ်နဲ့စက်ကွင်းလွတ်အောင်လို့ အကုန်လုံးသတိထားနေရတဲ့ကြားထဲ...ကံမကောင်းတဲ့ ထယ်ယောင်းကတော့အင်ပါယာအရှင်ရဲ့ပစ်မှတ်ထားခြင်းကိုခံရလေပြီဟု အားလုံးက ထင်လိုက်ကြသည်။

ခပ်မှိုင်းမှိုင်းပိုးထည်လေးကို ရိုးရှင်းစွာဝတ်ဆင်ထားသည့်စိမ်းပြာရောင်မျက်ဝန်းပိုင်ရှင်လေးသည်ဂျောင်ကုအမြင်တွင်တော့ အရာအားလုံးထက်တောက်ပနေလေ၏။

"အမိန့်ရှိပါအရှင်...ဒီအစေခံ ရောက်ရှိပါပြီ"

ဧကရာဇ်အရှင်ဘာပြောမလဲ စောင့်ကြည့်နေကြသည့်အထဲ ဟယ်ဂျေးလဲပါဝင်နေသေးသည်။

"ဒီဟင်းပွဲတွေငါကိုယ်တော်သုံးဆောင်ဖို့ စိတ်ချရရဲ့လား မြည်းကြည့်စေချင်တယ်.."

ဂျောင်ကုသူက အတွေ့အကြုံမရှိတဲ့အကြံဥာဏ်တွေကိုဖျစ်ထုတ်ကာ ဒီတိုင်း အကြောင်းမရှိအကြောင်းရှာပြီး ထယ်ဂွန်းလေးကို သူ့အနားနားခေါ်ထားချင်လို့ဒီလိုပြောလိုက်တာ ဖြစ်သည်။ပြီးတော့ ကိုယ်တော့်ကလေးလေးက ပင်ပင်ပန်းပန်းနဲ့ကြိုးစားချက်ထားတာမို့...အွန်ဟယ်ဂျေးဆိုရင်တောင် ဂျောင်ကုမကျွေးချင်ပါ။

မိမိချစ်သူပြင်ဆင်ထားသော...ဟင်းမယ်များကို သူသာ မူပိုင်စီးချင်ပါသည်။

သို့သော် သူ့အတွေးတွေက လွဲချော်နေမှန်းအနည်းငယ် စိတ်ပျက်သွားဖွယ်ရှိသော ထယ်ယောင်းမျက်နှာမှမြင်လိုက်ရသည်။

"အရှင် ဒါတွေအကုန်လုံးက ကျွန်တော့်လက်နဲ့ကိုယ်တိုင် ချက်ပြုတ်ထားတာတွေပါ။အရှင်မယုံဘူးဆိုလဲ အဆိပ်ရှိမရှိ ဒီအစေခံက စမ်းသပ်ပေးပါ့မယ်"

ထယ်ယောင်းတစ်ကယ်ပင် စိတ်မကောင်းခဲ့။
ထင်ရက်လေခြင်းဆိုသည့်အတွေးကြီးအား တော်တော်ကြာဖျောက်ဖျက်ရသည်။
တခြားကိုယ်လုပ်တော်တွေနဲ့နှိုင်းပြီး မင်းသမီးဟယ်ဂျေးကို သူတစ်ခုခုလုပ်ကြံမှာစိုးလို့နေမှာပေါ့လေ...။

ဂျွန်သူ့ကို အထင်သေးသည်လား...ဂျွန်ဟာ နည်းနည်းလေးမှ သူ့ကိုအယုံကြည်မရှိတော့ဘူးလား..

𝑲𝒊𝒏𝒈𝒅𝒐𝒎 𝑶𝑭 𝑱𝑬𝑶𝑵 (Completed) Where stories live. Discover now