Chapter 14

4.9K 429 9
                                    

uni

ထယ်ယောင်းနေပြန်ကောင်းလာသော်လည်း အရှင်က သူ့ဘေးနားမှာပဲတစ်ချိန်လုံးကပ်နေလျှက်ရှိ၏။နေမကောင်းဖြစ်ပြီးကတည်းက ဝမ်ဂျွန်က မိမိအားပိုမိုကပ်တွယ်လာမှန်း ထယ်ယောင်းရိပ်မိသည်။သူကိုယ်တိုင်ကိုကလဲ....အရှင့်ထံပါး ငြိတွယ်နေမိပါ၏။

ညီလာခံကပြန်လာလျှင် မောင်းမဆောင်ထဲမှ သူ့အား ဘုရင့်နန်းဆောင်သို့အရှင်ခေါ်လိမ့်မည်။ပြီးရင် တစ်ချိန်လုံး ဝမ်ဂျွန့်ဘေးနားမှာပဲအဖော်ပြုစေသည်။ဘယ်ကိုမှမလွှတ်....ဒါပင်မဲ့ ထယ်ယောင်းက အခွင့်ထူးခံလူတန်းစားပဲ။မည်သူမျှ မဖီဆန်ရဲသော ဘုရင့်ရာဇသံကို ထယ်ယောင်းက ငြင်းနိုင်တယ်။

ဥပမာ-ဝမ်ဂျွန်က ယောင်းငယ်ကိုစာအုပ်ဖတ်ပြခိုင်းပင်မဲ့ ဒီကောင်လေးက ပျင်းရိပျင်းတွဲ ခေါင်းခါတဲ့အခါ အရှင်က ပြုံးလို့ စာကြည့်စားပွဲသို့သွားတယ်...ပြီးတော့ထယ်ယောင်းကို သူ့ပေါင်ပေါ်ပွေ့တင်လိုက်ပြီး အနှီးသူ့ကောင်လေးအား လက်ရေးလှဆွဲခိုင်းတော့၏။

"အရှင်! ကျွန်တော် လက်တွေညောင်းနေပြီလို့။မရေးချင်ဘူး"

ဆူဆူပုတ်ပုတ်ဖြင့် စိမ်းပြာရောင်မျက်ဝန်းကလေးများဟာ မှုန်ကုပ်နေတော့သည်။သို့သော်လည်း ထိုအရူးဘုရင်ကြီးမှာတော့ ဟန်ဆောင်ကောင်းလှ၏။

"ဟမ်??မကြားရဘူး"

၂၀စင်တီမီတာတောင်မဝေးတဲ့အကွာအဝေးမှာ မကြားရဘူးဆိုတာ ဖြစ်နိုင်မလား ပြောကြည့်!။

"ကျစ်! ခင်ဗျား"

"....."

"ဂျွန်...ကျွန်တော့်လက်တွေနာနေပြီ။အနောက်နန်းဆောင်မှာ ညနေစောင်းကြရင်လဲ မီးဖိုဆောင်ဝင်ရအုန်းမယ်...ကျွန်တော် ပင်ပန်းနေပြီ ..."

ထိုနာမ်စားဖြင့်သုံးနှုန်းလိုက်သည့်အခါ တစ်ဖက်လူက သဘောခွေ့စွာရီရင်း လက်ရေးလှစာအုပ်အား ဗြတ်ခနဲဆွဲပိတ်လိုက်တော့သည်။မိမိခါးမှရစ်ပတ်ထားသော လက်တစုံမှာ ပိုမိုတင်းကျပ်လာပြီး ထယ်ယောင်း ရဲ့မျက်နှာအစိတ်အပိုင်းအားလုံးကို တစ်ခုချင်းရေရွတ်ရင်း အဆက်မပြတ်နမ်းနေပြန်၏။

𝑲𝒊𝒏𝒈𝒅𝒐𝒎 𝑶𝑭 𝑱𝑬𝑶𝑵 (Completed) Tempat cerita menjadi hidup. Temukan sekarang