Chapter 25

3.7K 382 22
                                    

UNICODE

ဂွမ်နိုင်ငံကား ရာသီဥတုအတော်ပင်အေးလွန်းသည့်နိုင်ငံဖြစ်ပေသည်။သို့ရာတွင်...သီးနှံများရှားပါး၏။အရာရာ ခမ်းခြောက်၏။

ပန်းပင်များသည်ပင်..အတော် ကြံ့ကြံ့ခံနိုင်သည့် ရှားပါးလှသည့်ပန်းများသာပွင့်သည်။

ဒီအခြေနေမှာတောင် ကာလရာသီတိုင်း ပွင့်နေတတ်တဲ့ပန်းပင်တစ်မျိုးကို တအံ့တသြတွေ့ရသည်။တစ်နိုင်ငံလုံးမှာတောင် ပေါက်မယ်မထင်...ဒါကား သူနေထိုင်ရာ နန်းဥယျာဥ်ထဲ၌သာ ရှိသည့် ပန်းပင်ငယ်ပင်....

အပွင့်များဟာ အနီဖျော့ဖျော့...အနံ့ဟာခပ်သင်းသင်း။ငယ်သေးလို့ဖြစ်မည်ထင်..သိပ်တော့ခပ်များများမပွင့်သေး...။ဒီအပင်ကို စစတွေကတည်းက သူ့ဝိဥာဥ်များ ဆွဲငင်ခံလိုက်ရသလိုပင်...ခံစားလိုက်ရသည်။

ပန်းပွင့်ငယ်ကိုရှူရှိုက်ရင်း၊ ပန်းပွင့်ငယ်တွေကိုကြည့်နေရင်း ဘာမှန်းမသိသော အတွေးတွေ တဖျတ်ဖျတ်ဝင်ရောက်လာတတ်သည်။အရင်းနှီးဆုံးပုံရိပ်တွေဟာ ခပ်ဝါးဝါး...ထယ်ယောင်းမမှတ်မိသည့် ဟိုးအတွင်းနက်ထဲမှာရှိနေသည့် မှတ်ဥာဏ်အပိုင်းအစတွေလိုမျိုး..သူဘယ်လောက်ပဲ သိအောင်စဥ်းစားနေပါစေ။လက်လျှော့လိုက်ရသည် ကြီးသာ.....

သူဖြစ်ခဲ့ဖူးသလို ယောင်မှားအတွေးတွေနဲ့ သူကိုယ်တိုင်တောင်မသိပါပဲ..အတိတ်မှာ တစ်စုံတစ်ယောက်ရှိခဲ့ဖူးသလိုပင်...။

"ဦးရီးတော်လေး...မယ်မယ်ခေါ်နေတယ်ဗျ..သမားတော်ကြီးရောက်နေလို့တဲ့"

"ကြည့်! လူကြီးကိုမလေးမစားနဲ့...ဦးရီးတော်လေးလို့မခေါ်ပါနဲ့ ဆိုနေတာကို ဒီကလေး!!!"

"ဟာဗျာ..ဦးရီးတော်လေးမို့လို့ ဦးရီးတော်လေးခေါ်တာပေါ့...။အကိုတော်လို့ခေါ်ရင်လဲ မယ်မယ်က ခေါင်းခေါက်အုန်းမယ်။ဦးရီးတော်ကြီးဆိုလဲ မသိရင် အဖိုးကြီး ကြနေတာပဲ ဟွန့်"

သဘောကတော့ သူက စေတနာနဲ့ပါပေါ့...

အသက်13နှစ်အရွယ်ကောင်လေးတစ်ယောက်..ဒါသူ့အမရဲ့ကလေးတဲ့။အမှန်တော့ ယဲ့မင်းသမီးက သူ့အမအရင်းမှန်း ထယ်ယောင်းအခုထိမယုံနိုင်သေးတာဖြစ်သည်။ ထယ်ယောင်းနိုးလာတော့ သူကဂွမ်နိုင်ငံမှာ..။ယဲ့မင်းသမီးကိုရုတ်တရက်တွေ့ပြီး အံ့သြနေတုန်းမှာပဲ ကိုကိုကပြောတယ်..ဒါက မင်းအမတော်ပဲတဲ့...

𝑲𝒊𝒏𝒈𝒅𝒐𝒎 𝑶𝑭 𝑱𝑬𝑶𝑵 (Completed) Where stories live. Discover now