Chapter 19

4.1K 362 16
                                    

uni

ကလေးငယ်မှာ ဖြူဖြူသေးသေးလေးဖြစ်သော်လည်း အော်ငိုသံမှာ စူးလှတာကြောင့် ဘေးမှလူတွေပင် ဝိုင်းကြည့်လာကြသည်။ဂျောင်ကုမျက်နှာမှာတော့...ပိုပိုပြီးမဲမှောင်လာကာ ကြာရင် အဲ့ဒီ့သေးသေးလေးကို တစ်ခုခုလုပ်မိတော့မည်။

ဟုတ်ပါသည်။သူဟာ...အသည်းမာရက်စက်လှသော ဝမ်ဂျွန်မို့ ကလေးမချစ်တတ်ပါ။

"သားက လမ်းပျောက်နေတာလား ဟင်??
ဦးဦးကိုပြောနော်...အဲ့ဒီဦလေးကြီးကိုသွားမနှောက်ယှက်နဲ့ သူကစိတ်ပုပ်တယ်"

"အင့်! ဒီဦးဦးက ဒလောက်ချောတာ့ကို ချိတ်ပုပ်တာရား!! ဗြဲ အီးဟီး တျားတျားမေမေလဲ တွေ့တော့ဘူး"

ရုတ်တရက် ထငိုပြန်သော ထိုသေးသေးလေးကြောင့် ထယ်ယောင်းနောက်သို့ပင် ရွေ့သွားမိသည်။ရုတ်တရက်ပေမို့...သူပါလန့်သွားတာဖြစ်မည်။

အကောင်ပေါက်လေးမှာတော့ မျက်ရည်များပေပွအောင် အော်ငိုနေပြီး မောသွားတော့အသံလေးတိုးသွားပြန်၏။

"တိတ်စမ်း...မင်း ထွက်သွားတော့"

စိတ်တိုပြီး အော်လိုက်တော့ ကလေးက တားမရအောင်အော်ငိုနေတော့သည်။ဂျောင်ကုမှာလဲ ဒေါသများ ချုပ်တည်းထားရသည်မှာ သိသာပြီး နဖူးသွေးကြောများပင်ပေါက်ထွက်လုမတတ် ဖြစ်နေ၏။ကြာရင်...အရှင်က ကလေးနဲ့ပါ ရန်ပတ်ဖြစ်တော့မည်လား....ထယ်ယောင်း ဒီနှစ်ယောက်ကြား ခေါင်းစားရပါသည်။

"ဗြဲ ဒီဦးဦး ကောင်းဝူး။တျားတျားကို အော်တယ် ဝူးဝါးး"

"ဂျွန်! ကလေးကိုအဲ့လိုမအော်နဲ့လေ...။ဟုတ်ပြီ ဟုတ်ပြီ သားသား နာမည်ဘယ်လိုခေါ်လဲဟင်? ဦးဦးက သားသားမေမေကို ကူရှာပေးမယ် ဟုတ်ပြီလား"

"ဟင် တဂယ်လာ့"

"အွန်း တစ်ကယ်"

"တျားက ချွဲဂီချန်း...လို့ခေါ်ရယ်"

မပီမသ ကလေးအသံလေးဟာ ငိုထားတဲ့အရှိန်ကြောင့်ရော ထယ်ယောင်းသေချာနားမလည်ပါ။
မြေပြင်ပေါ် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး သေချာကြားရအောင် ကလေးလေး နှုတ်ခမ်းနားထယ်ယောင်း နားရွက်တွေတိုးကပ်လိုက်သည်။

𝑲𝒊𝒏𝒈𝒅𝒐𝒎 𝑶𝑭 𝑱𝑬𝑶𝑵 (Completed) Tempat cerita menjadi hidup. Temukan sekarang