Chapter 5

5.9K 521 8
                                    

Unicode

ထယ်ယောင်းခန်းဆောင်အတွင်း ဟိုလျှောက်ဒီလျှောက်လုပ်ရင်းမှ ညောင်းလာလျှင်တော့ ကုတင်ပေါ်တွင်ငူငူကြီးသာထိုင်နေတော့သည်။

ပျင်းလာလွန်း၍  ဒူးတစ်ဖက်ကိုထောင်၊ခြေတစ်ဖက်ကိုလွှဲနေရင်း နောက်ဆုံးတော့ ပေါ့ပါးလှသည့်ခြေသံတစ်ချို့ကိုကြားလိုက်ရပြီ။နောက်တော့ အဝတ်အစားနှင့်အသုံးအဆောင်များအားသယ်လာကြသည့်မိန်းကလေးငယ်တစ်ချို့ ဘုရင့်အိပ်ဆောင်အတွင်းသို့ဝင်လာကြသည်။

ထယ်ယောင်းမျက်ခုံးတို့မြင့်တက်သွားပြီးပျော်သွားသည်ကြောင့်စိမ်းပြာရောင်မျက်ဝန်းကလေးများဝိုင်းစက်လို့သွားခဲ့သည်။

မြင်မြင်ချင်း အရှင်စွဲလမ်းသွားတာလဲမပြောနဲ့လေ...ပြေလျော့နေတဲ့ဆံပင်တွေနဲ့အတွင်းဝတ်ရုံပဲဝင်ဆင်ထားသည့်ဒီကောင်လေးက ဖြစ်သလိုကပိုကရိုလေးနေတာတောင် သိပ်လှတာပဲ!

သတ်တိ အနည်းငယ်ရှိသည့်နန်းတွင်းသူလေးတစ်ယောက်က ထယ်ယောင်းကိုဖြတ်ခနဲအမြန်မော့ကြည့်လိုက်ပြီးနောက် ထိုကောင်လေးအလှမှာတင်မှင်သက်သွားမိသည်။

စုစုပေါင်း လာသည်က၃ယောက်တည်း...အရှင့်အမိန့်ဖြစ်တာကြောင့်ဘယ်သူမှမလေးမစားမလုပ်ရဲကြသော်လည်း မောင်းမဆောင်ထဲမှာတော့ ကိုယ်လုပ်တော်ယွန်းဟာသြဇာအရှိဆုံးဖြစ်သည်။

ဒီလူလေး သုံးယောက်တောင်မှ အဝတ်အစားသုံးစုံနှင့်ဆံနွယ်ချည်နှောင်ရန် ဖဲကြိုးအဖြူရောင်တစ်ခုသာပါလာခဲ့သည်။ဒါဟာ ဘယ်သူ့စနက်မှန်းအစေခံတွေအကုန်လုံးသိသော်လည်း မလွန်ဆံနိုင်ကြပေ။

နောက်ပြီး အထိန်းတော်ဝူဟာလဲ ကိုယ်တိုင်လာရောက်ပို့ဆောင်ခြင်းမရှိ။ဒါကိုကြည့်ခြင်းအားဖြင့် သူကထယ်ယောင်းကိုမမုန်းသော်လည်းအရမ်းကြီးသဘောမကျမှန်းလက်ခံရမည်။

"အရှင်...ပို့ဆောင်ခိုင်းထားတဲ့အဝတ်အစားနဲ့အသုံးအဆောင်တွေရောက်ပါပြီ"

"အင်း...ဒီမှာပဲထားခဲ့လိုက်နော်..ကျေးဇူးပါပဲ"

အခုချိန်မှာ အရှင့်နှလုံးသားထဲရောက်နေတဲ့ပန်းလေးတစ်ပွင့်က အရင့်အရင်ကပန်းလေးတွေလိုမျိုး မောက်မာခြင်းမရှိပါလား...။

𝑲𝒊𝒏𝒈𝒅𝒐𝒎 𝑶𝑭 𝑱𝑬𝑶𝑵 (Completed) Where stories live. Discover now