Chapter 18

5.9K 424 32
                                    

unicode

ယိုဆန်းပွဲတော် မီးမျောပွဲနေ့။ ခွေးနှစ် ဒုတိယလပြည့်10ရက်မြောက်...

နန်းတော်ကြီးကတော့ ချမ်းစီးစီး ဆောင်းတွင်းကြီးမှစလို့ စပါး၊ပြောင်း၊နှမ်း တို့ရိပ်သိမ်းချိန် ကောက်သိမ်းရာသီနွေဦးအထိ အမြဲလည်ပတ်နေတာ ပုံမှန်ဖြစ်သည်။သွားလာလှုပ်ရှားနေသော အပျိုတော်၊အစေခံမိန်းကလေးများသည် အနုပညာမြောက်သော မိုးသောက်ချိန် နေထွက်ဆည်းဆာအလှကိုသူတို့ မခံစားအား။အနုပညာဆိုတာလဲ ဘာမှန်းမသိ..။ညီလာခံ ကျင်းပနေချိန်ဖြစ်ပြီး ဝမ်ဂျွန်ကိုယ်တိုင်က သူတို့အပျိုတော်တွေအား ကိုယ်လုပ်တော်ကင်မ်ရဲ့ တံခါးဝ ရပ်စောင့်ကာ ကိုယ်လက်သန့်စင်ပေးရန် အမိန့်ပေးခဲ့သည်။

ဒါကြောင့်နန်းတော်ကြီးဟာ တခြားနေ့များထက် ပိုမိုအသက်ဝင်နေတာဖြစ်ပါလိမ့်မည်။ ။

ထိုသို့အသက်ဝင်လှုပ်ရှားနေချိန် ညီလာခံတစ်ဖက်မှာတော့...လူတိုင်းခေါင်းငုံ့ထားကာ အပ်ကျသံပင်ကြားရလောက်တဲ့ထိ မည်သူမျှ တစ်ခွန်းမဟကြ။

"မောင်မင်းတို့မှာ ဘာမှလျှောက်တင်စရာမရှိရင် ညီလာခံသိမ်းမယ်"

နဂိုအစကတော့ ညီလာခံဟာ ဆူညံငြင်းခုန်ပြီး အကြောင်းအရာတစ်ခုအား ဆွေးနွေးတိုင်ပင်နေကြဖြစ်သည်။သို့သော်လည်း နောက်ဆုံး အရှင် ပြောလိုက်သည့်စကားက အမတ်တွေအကုန်လုံးကို တိတ်ဆိတ်သွားစေသည်။ ကိုယ်လုပ်တော်ကင်မ်အား ကြင်ယာတော်တင်မြှောက်မည်တဲ့....

ဂျွန်အင်ပါယာကြီးဟာ မည်မျှပင် မောင်းမအပျိုတော်များ များနေပါစေ။ဧကရာဇ်ရဲ့ဧကရီဟာ တစ်ဦးတည်းသာရှိရမည်။ကြင်ယာတော်၊မိဖုရားဟာ တစ်ယောက်တည်းသာဖြစ်ရမည်။

မူလ ပထမကတည်းက တစ်တိုင်းပြည်လုံးက ဧကရီအဖြစ် မင်းသမီးဟယ်ဂျေးအား ရည်ရွယ်ထားကြတာဖြစ်သည်။ဒီအလွန်အရေးပါတဲ့နေရာမှာ...တခြားနိုင်ငံက ကျွန်အဖြစ် ခေါ်လာတဲ့ လူတစ်ယောက် အား ဘယ်အမတ်မှ လက်မခံကြပေ ။

"ဆိုင်းငံ့တော် မူပါအုန်းအရှင်။နိုင်ငံရဲ့ ဧကရီနေရာဟာ အင်မတန်မှ အရေးပါပါတယ်...ဒါကြောင့် အခါခါသေချာစဥ်းစားစေချင်ပါတယ်အရှင်"

𝑲𝒊𝒏𝒈𝒅𝒐𝒎 𝑶𝑭 𝑱𝑬𝑶𝑵 (Completed) Where stories live. Discover now