Unicode
ဒီမနက်ခင်းဟာ ထယ်ယောင်း ဂျွန်နိုင်ငံကိုရောက်ပြီးနောက် ပထမဦးဆုံး သက်သက်သာသာ နှင့် ကိုယ်လက်ကြည်သာနိုးထရသည့်မနက်ခင်းဖြစ်သည်။
သူတို့ဆီမှာ ရာသီဥတုကအေးလွန်းတာမို့...အအေးမကြိုက်တဲ့ထယ်ယောင်း မနက်ဘက်ဆို ပေါ့ပေါ့ပါးပါးထဖို့ ကျင့်သားမရနိုင်ပါ...
အခုတော့ မနက်ခင်းရဲ့ကျေးငှက်တေးသွားလေးရယ်...နေရောင်ခြည်နွေးဖျော့ဖျော့လေးရယ်..ဟင်? နေပါအုန်း!!! နှာကိုတရှုံ့ရှုံ့လုပ်ပြီး မျက်လုံးမပွင့်တပွင့်နဲ့ အိပ်ချင်မူးတူးအနံ့ခံလိုက်တော့..လေထဲမှလာတဲ့ သင်းပျံ့ပျံ့အနံ့တစ်ခု။
ထယ်ယောင်း အိပ်ရာထဲမှ ကုန်းရုန်းထလိုက်ပြီး..တစ်စုံတစ်ခုကို အသည်းအသန်ရှာဖွေပါတော့သည်။
တွေ့ပြီ! နောက်ဆုံးတော့ တွေ့ခဲ့ပါပြီ...ရှာတွေ့တော့လဲ ထယ်ယောင်း ကြက်သေသေနေမိတုန်း...။
မွှေးပျံ့နေတဲ့ ခပ်ဖျော့ဖျော့ မွန်းဂွန်းဟွပန်းလေးတွေဟာ ပန်းခြင်းလေးအပြည့်နေရာယူလို့ထားတယ်...
ဘယ်သူများလာထားထားတာပါလိမ့်?
အာမဟုတ်မှ...!ဝူဂန်ပဲဖြစ်ရမယ်....
သူမဟုတ်ရင်ဘယ်သူရှိမှာလဲ..။"ကင်မ် လူကြီးမင်းတောင် နိုးနေပြီပဲ...ဝမ်ဂျွန်က ညီလာခံပြီးရင် အတူတူ ပွဲတော်တည်ဖို့စောင့်ခိုင်းထားပါတယ်"
"ဟင်? ဘယ်သူ့ကိုလဲ?"
ထယ်ယောင်းစိတ်ထဲ လူမှားပြောသည်ဟုထင်နေမိတာကြောင့် နှစ်ခါပြန်မေးယူရသည်။အပျိုတော်လေးကလဲ ဒီအခန်းထဲမှာ သူတို့နှစ်ယောက်ပဲရှိတာကို ဘယ်သူ့ကိုလဲလို့မေးတာကြောင့် မျက်လုံးအပြူးသားလေးမော့ကြည့်လျှက်...
"လူကြီးမင်းကိုပါ..."
ပြီးစလွယ်ထယ်ယောင်း ခေါင်းငြိမ့်ပြလိုက်တယ်..
ဧကရာဇ်ပြောချင်တာက သူနဲ့ဝူဂန်နှစ်ယောက်စလုံးကိုဖြစ်မယ်...မဟုတ်ရင် သူတစ်ယောက်ထဲ ဘာသွားလုပ်ရမှာလဲ?
"ကောင်းပြီ...စောင့်နေပါ့မယ်"
ထို့နောက် မိန်းကလေးက အရိုသေပြုကာ ထွက်သွားခဲ့သည်။ထယ်ယောင်းလဲ မွန်ဂွန်းဟွ ပန်းတွေကိုကြည့်လိုက်...ဘာလုပ်ရမလဲ ပြန်စဥ်းစားလိုက်နဲ့ တော်တော်ပင်အချိန်ကုန်သွား၏။ နောက်ဆုံး သူ အဲ့ဒီ့အကြောင်းပြောဖို့ ဝူဂန့်ဆီသို့သာ ထွက်လာခဲ့လိုက်တော့သည်။
VOCÊ ESTÁ LENDO
𝑲𝒊𝒏𝒈𝒅𝒐𝒎 𝑶𝑭 𝑱𝑬𝑶𝑵 (Completed)
Ficção Histórica"ငါကိုယ်တော် ချစ်မြတ်နိုးလွန်းလို့.. ထယ်ဂွန်းငယ်က ဆိုးနေတာ" ... #Warning# 𝐖𝐚𝐧𝐠 𝐉𝐞𝐨𝐧♡︎ 𝐊𝐢𝐦 acient historical fanfic both Z + U