Chapter 26

3.7K 410 18
                                    

Unicode

"ခင် ခင်ဗျား..လူမှားနေပြီ..ကျုပ်ကိုလွှတ်"

ရုတ်တရက် လူမှားပြီးအဖက်ခံရတာ ကြောင့်ထယ်ယောင်း တစ်ကိုယ်လုံးပူထူလို့နေတယ်။

ထိုလူကလဲ သူ့ကို အသက်တောင်ရှူမရအောင်ဖက်ထားသည်မှာတင်းတင်းကျပ်ကျပ်...။

"ဟင့်အင်း ထယ်ဂွန်းလေး ထပ်ထွက်ပြေးသွားလိမ့်မယ်...ဒါဆိုထပ်ပြီးကိုယ်က လိုက်ရှာနေရမှာပေါ့။အချိန်တိုင်းပဲ ကိုယ့်ဆီကနေ ပြန်ပြန်ပြေးထွက်သွားတယ်။ကိုယ် ကိုယ်ဖမ်းမိပြီဆိုရင် ပျောက်သွားပြန်တယ်.."

ဂျောင်ကုကြောက်ရွံ့နေသည်မှာ မနေ့ကလိုမျိုး၊တနေ့သလိုမျိုး..သို့မဟုတ် လွန်ခဲ့တဲ့သုံးနှစ်ကတည်းက လိုမျိုး ထယ်ယောင်းထပ် ထွက်ပြေးသွားမှာကို...ထယ်ယောင်းငယ်ပုံရိပ်ကလေးက လိပ်ပြာလေးတစ်ကောင်လို ဒီအပင်ကြီးနားမှာပေါ်လာတတ်တယ်...အချိန်တိုင်း ဂျောင်ကုဖမ်းဆုပ်လိုက်တဲ့အခါမှာ လေဟာပြင်တစ်ခုလို ပြန်ပျောက်ကွယ်သွားပြန်၏။

ရင်ခွင်ထဲမှ ထပ်ပြီးမရုန်းရှာတဲ့ ကောင်ကလေးကိုကြည့်လိုက်တဲ့အခါ...ထယ်ယောင်းငယ်မျက်ဝန်းတို့မှာ အနက်ရောင်ဖြစ်လို့နေတယ်...အံ့သြသွားမှုနဲ့အတူ အထိတွေ့ကလဲ လူတစ်ယောက်လိုမျိုးပဲ..

"ကျွန်တော်က..အင့် ဖယ် ခင်ဗျားရှာနေတဲ့လူမဟုတ်ဘူးလို့"

သန်မာ ကြည့်ကောင်းတဲ့လက်သွယ်သွယ်ဟာ..ထယ်ယောင်းမျက်လုံးတို့ကို အပေါ်မှ ထိတွေ့လာခဲ့တယ်...

"စိမ်းပြာရောင်မျက်လုံးကလေးတွေ မရှိတော့ရင်တောင်..မှည့်နက်ကလေးတွေကိုတော့ ညာလို့မရဘူး ကလေးငယ်။ မင်းဟာ ကိုယ့်ဧကရီပါပဲ"

"ကျုပ်ဒေါသထွက်လာပြီ...အင့် အား ကျွတ်ကျွတ် ကျစ်! ဒီခေါင်းက ဘာလို့အခုမှ လာကိုက်ရတာလဲ!!!"

ချစ်ရသူရဲ့ နာကျင်စွာငြီးငြူမှုနဲ့ ခါးခါးသီးသီး ပြောဆိုသံကြောင့် ဂျောင်ကု လက်တို့ကိုရုတ်ချင်းလွှတ်ပေးလိုက်သည်။
အတင်းရုန်းထွက်ပြီး ဘေးကပ်လိုက်တဲ့ ကောင်ကလေးကြောင့် ရင်ဘတ်ထဲ က နာကျင်မှုဟာ..ဆစ်ခနဲ..

ဂွမ်နိုင်ငံနဲ့ ပြေလည်ရေး ကမ်းလှမ်းချက်ကိုသိတယ်...။မင်းမှ လာမယ်လို့မထင်ပဲ
ထယ်ဂွန်းငယ်.....

𝑲𝒊𝒏𝒈𝒅𝒐𝒎 𝑶𝑭 𝑱𝑬𝑶𝑵 (Completed) Where stories live. Discover now