Part 4

6.9K 687 57
                                    

"အသင် ကိန္နရာ ခင်ပွန်းမဟုတ်ဘူး အဆွေခင်ပွန်း မိတ်ဆွေလို့ ဆိုလိုတယ်"

သုမဏိရှင် ယုဒ္ဓဓနုကိုပြုံး၍ကြည့်ကာ ယုဒ္ဓဓနု ဆံနွယ်လေးတွေကို ကိုင်တွယ်လိုက်သည်။ဆံနွယ်လေးတွေက နူးညံ့မနေဘဲ သန်မာနက်မှောင်၏။

"မိတ်ဆွေမဖြစ်လိုဘူး"

သုမဏိရှင် စကားကြောင့် ယုဒ္ဓဓနု ခပ်ရွဲ့ရွဲ့မေးလိုက်၏။

"မိတ်ဆွေမဖြစ်လိုတော့ အသင်ကဘာဖြစ်ချင်နေသလဲ"

"ကျွန်ုပ်က အရှင့်ရဲ့အချစ်ဖြစ်လိုတာပါ"

ယုဒ္ဓဓနု သူ့ဆံနွယ်တွေကိုကိုင်တွယ်နေတဲ့ကိန္နရာရဲ့လက်တွေကိုရိုက်ဖယ်လိုက်သည်။

"အချစ်ဆိုတာ ဘာလဲ ကိန္နရာ ငါ့အသက်က ဆယ့်သုံးနှစ်ပဲရှိသေးတယ် အချစ်ဆိုတာကို ငါမသိဘူး မင်းပြောတဲ့အချစ်ကိုလည်း ငါမပေးနိုင်ဘူး"

ကိန္နရာက လေးလေးနက်နက်ပြုံး၏။ယုဒ္ဓဓနု မျက်မှောင်ကြုံ့လိုက်သည်။ထိုအပြုံးကို ယုဒ္ဓဓနု မကြိုက်။သူ့တစ်ကိုယ်လုံးကို ဖောက်ထွင်းသိတယ်ဆိုသည့်အပြုံးမျိုး။

"ထားပါလေ ဒီလက်ကဒဏ်ရာကို အရင်ဆေးစည်းရအောင် ဟောဒီ ဒေဝဒါရုတောင်ဟာ နတ်တောင်ပဲနတ်ဆေးမြစ်တွေရှိတယ် အရှင့်လက်က တစ်ခဏအတွင်းပျောက်သွားလိမ့်မယ်"

သုမဏိရှင် မင်းသားငယ်လေးကို ဆွေ့ခနဲကောက်ပွေ့လိုက်သည်။ယုဒ္ဓဓနု လန့်သွားကာ သုမဏိရှင်လည်ပင်တိုင်ကိုခပ်တင်းတင်း‌ဖက်လိုက်သည်။သုမဏိရှင် မင်းသားငယ်လေးရဲ့အပြုအမူကြောင့်စိတ်ထဲကျေနပ်သွားပြီး တောင်ပံကိုဝံ့ကြွားစွာခတ်လိုက်သည်။သုမဏိရှင် မင်းသားငယ်လေးကိုပွေ့ကာ ပျံသန်းလိုက်၏။

"အားးးး ဖြည်းဖြည်း"

ယုဒ္ဓဓနု ဆံနွယ်တွေကလေကြောင့်ရှုပ်ထွေးနေပြီး မျက်လုံးသေချာမဖွင့်နိုင်ဖြစ်နေသည်။ကြောက်ရွံ့မှုကတိုးဝင်လာကာ မသိမသာအောက်ကိုငုံ့ကြည့်လိုက်သည့်အခါ ယုဒ္ဓဓနုရင်ထဲအေးခနဲဖြစ်သွားပြီး မျက်လုံးမှိတ်ကာ သုမဏိရှင်ကို ခပ်တင်းတင်းဖက်ထားသည်။

"ငါ ပြုတ်ကျလို့ကတော့ အသင့်အမွေးတွေအကုန်နှုတ်ပြီး ငှက်တောင်ပံကင်စားမယ်"

အချစ်နှင့်ကိန္နရာ( Completed)Where stories live. Discover now