Part 25

3.7K 362 7
                                    

တပ်မင်းသက္က၏တဲနန်းအတွင်းရှိ စားပွဲရှည်ကြီးတွင် တပ်မင်းငယ်များ စုဝေးထိုင်နေကြသည်။စားပွဲရှည်ထိပ်တွင် တပ်မင်းသက္ကရှိပြီး ကျန်သည့်တပ်မင်းငယ်များမှာ လက်ယာလက်ဝဲနေရာယူ၍ ထိုင်နေသည်။သို့သော် တဲနန်းအတွင်းလေထုက တိတ်ဆိတ်နေ၏။တပ်မင်းသက္က တဲနန်းအပြင်မှ တစ်စုံတစ်ယောက်ကို စောင့်မျှော်နေသည်။တဲနန်းတံခါး ပွင့်လာ၏။ဒီပိနှင့်ဒီပါတို့ တဲနန်းအတွင်းဝင်လာသည်။ဒီပိမျက်နှာက တင်းမာနေသည်။

တပ်မင်းသက္က စိတ်ပူပန်စွာမေးလိုက်သည်။

"အိမ်ရှေ့စံ ဘယ်လိုနေသလဲ"

"အိမ်ရှေ့စံက အသက်အန္တာရယ်စိုးရိမ်ရပါတယ်"

ဒီပိက ခပ်ပြတ်ပြတ်ဖြေသည်။တပ်မင်းသက္က မျက်လုံးများ လေးနက်သွားသည်။

"ကျုပ်တို့နဲ့ သူရိယက စစ်ပွဲ‌ပြီးသေးတာ မဟုတ်ဘူး  အိမ်ရှေ့စံက နာမကျန်းဖြစ်နေရင် နေပြည်တော်ကို အမြန်ဆုံးပြန်ရမယ်"

ဒီပါက ပြောသည်။တပ်မင်းသက္က ခေါင်းညိတ်၏။

"ကိန္နရာက အိမ်ရှေ့စံရဲ့ဒဏ်ရာကို မကုသနိုင်တော့ဘူးလား"

တပ်မင်းသက္က အမေးကို ဒီပိက ခေါင်းခါသည်။တဲနန်းအတွင်းမှ တပ်မင်းများအားလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။တီးတိုးစကားသံများထွက်ပေါ်လာသည်။

"တိတ်စမ်း"

တပ်မင်းသက္က စားပွဲကို ထုရင်း အမိန့်ပေးလိုက်သည်။

"ကျုပ်တို့ ဒီကိုလာတာက အိမ်ရှေ့စံကို ကယ်ဖို့ပဲ တပ်မင်းမင်းမဏိက အိမ်ရှေ့စံအတွက် အသက်ပေးသွားခဲ့တယ် ကျုပ်တို့ တပ်ဆုတ်ရင်း အိမ်ရှေ့စံကို ဝေဠုဒီပေါကို ပြန်မယ် ဒီမိဂေါနဒီက ကျုပ်တို့အမိမြေမဟုတ်ဘူး ကြာလာရင် စစ်ညောင်းလာလိမ့်မယ်အချိန်အတော်ကြာ တပ်စွဲထားလို့ မဖြစ်ဘူး"

"ဒါပေမဲ့ အိမ်ရှေ့စံ ဒဏ်ရာနဲ့ လမ်းခရီးမှာ....သူရိယတို့ တိုက်ခဲ့ရင်"

"ဒီပါ ကျုပ်တို့တွေ တိုက်ရင်း ဆုတ်ခွာကြမယ်"

"ကောင်းပါပြီ သို့ပေမဲ့ အိမ်ရှေ့စံရဲ့စိတ်ဆန္ဒကို အရင်မေးသင့်ပါတယ် အိမ်ရှေ့စံက သူရိယကို အပြီးတိုင်သိမ်းဖို့ ဆန္ဒရှိနေတာပဲ"

အချစ်နှင့်ကိန္နရာ( Completed)Where stories live. Discover now