သုမဏိရှင် ဆတ်ခနဲ သတိရလာသည်။ကောင်းကင်ကြီးက မည်းမှောင်နေပြီး ကြယ်ကလေးများကို တွေ့ရသည်။ရင်ဝမှ နာကျင်မှုက တစ်ကိုယ်လုံးကို တိုက်စားနေသည်။သုမဏိရှင် အသက်ပြင်းပြင်းရှိုက်လိုက်တော့ သွေးတစ်လုတ်က အန်ထွက်လာသည်။
"အဟွတ် အဟွတ်"
သုမဏိရှင် တောင်ပံကို ဖြန့်ကားကာ ဖြည်းဖြည်းချင်းခတ်လိုက်သည်။တစ်ကိုယ်လုံးက နာကျင်လွန်းသည်။တောင်ပံကို အားယူခတ်၍ အနက်ရောင်ဆူးချွန်ထက်မှ ပျံသန်းလိုက်သည်။
သုမဏိရှင် မြေပြင်ကို သက်ဆင်းတော့ ဒူးထောက်ကျသွားပြီး ရင်ဝမှသွေးတွေက ဒလဟောစီးကျလာသည်။သုမဏိရှင် အံတင်းတင်းကြိတ်ကာ သစ်ပင်တစ်ပင်အောက်သို့ အားတင်းကာ သွားသည်။အပင်အောက်တွင် ထိုင်လိုက်သည်။အသက်ကိုဖြည်းဖြည်းချင်းရှူသည်။ရင်ဝမှ ပွင့်ထွက်သွားသည့်ဒဏ်ရာက တဖြည်းဖြည်း သွေးတိတ်လာသည်။နာကျင်မှုကြောင့် သုမဏိရှင် မျက်လုံးများပြာဝေလာသည်။ချွေးအေးများက သုမဏိရှင် နဖူးပေါ်တွင် တွဲခိုနေသည်။နာကျင်မှုက တဖြည်းဖြည်းလျော့ပါးလာသည်။
မိုးသောက်လုပြီ။
ဝမ်းဗိုက်မှ ဒဏ်ရာက အမာရွတ်သာ ကျန်ရစ်သည်။သုမဏိရှင် လက်ပြင်ကြောတွေက တဖျဉ်းဖျဉ်းထနေကာ မျက်လုံးများက ရဲရဲနီနေသည်။
သုမဏိရှင် တောင်ပံကိုဖြန့်ကားကာ မတ်တပ်ရပ်သည်။ကောင်းကင်ပေါ်သို့ တစ်ဟုန်ထိုးပျံသွားပြီး မိဂေါနဒီနန်းတွင်းမြို့ရိုးတွင် သက်ဆင်းလိုက်သည်။
မိဂေါနဒီနန်းတွင်းက တစ်ရက်အတွင်းပျက်စီးသွားသည်။နန်းဆောင်တွေက ပြိုလဲနေပြီး နေရာအနှံ့တွင် သွေးစွန်းနေသည်။လူအလောင်းများကို နေရာတိုင်းတွင်တွေ့ရပြီး အသက်ရှင်ကျန်ရစ်သူများက အသက်မဲ့သွားသူများကို ဖက်၍ ငိုကြွေးနေသည်။မြေပြင်သည် ငရဲအလား။အော်ဟစ်ငိုယိုသံများကြောင့် သုမဏိရှင် မျက်မှောင်ကြုံ့လိုက်သည်။
မြို့ရိုးအခြေတွင် ဒီပါက လဲကျနေပြီး သျှင်မိယွန်းက ဒီပါ့ဒဏ်ရာကို အဝတ်ဖြင့်ဖိထားသည်။ဒီပိက မေ့လဲနေသည့် သင်္ခယာကို ထွေးပွေ့ထားသည်။
![](https://img.wattpad.com/cover/311804448-288-k535229.jpg)
YOU ARE READING
အချစ်နှင့်ကိန္နရာ( Completed)
Fantasy"ကျွန်ုပ်ဆုံးရှူံးခဲ့တဲ့အရှင့်ရဲ့အတိတ်ဘဝလည်း ကျွန်ုပ်အပိုင် ယခုဘဝလည်း ကျွန်ုပ်အပိုင် အရှင့်ရဲ့သံသရာ အဆက်ဆက်ဟာ ကျွန်ုပ်အပိုင်" အချစ်ကြီးပြီးအစွဲအလမ်းကြီးတဲ့ကိန္နရာနဲ့ ရေမြေ့သခင်ရှင်ဘုရင်တစ်ပါးတို့ရဲ့ လှပသော ဆွယ်ပျံ့ဖွယ်အချစ်ဇာတ်လမ်းလေးအကြောင်း St...