မဏိရု နန်းဆောင်တွင်းရှိ ညောင်စောင်းတစ်ခုပေါ်ထိုင်နေသည်။မဏိရု ညောင်စောင်းပေါ်မှ ခြေထောက်တစ်ဖက်ချထားကာ ကျန်ခြေထောက်တစ်ဖက်ကတော့ ဒူးထောင်ထားသည်။မဏိရု ဒူးထောက်ထားသည့်ခြေတစ်ဖက်ပေါ်တွင် လက်တင်ထားပြီး ယုဒ္ဓဓနုကို စူးစိုက်ကြည့်နေသည်။
ယုဒ္ဓဓနု သလွန်ပေါ်မှ ဆင်းကာ တိုင်များကို ကိုင်၍ အော်လိုက်သည်။
"မဏိရု ငါ့ကို ဆယ်ရက်လုံးလုံး ဒီလှောင်အိမ်ထဲမှာ ပိတ်လှောင်ထားမှာလား ငါ မွန်းကြပ်ပြီး သေသွားလိမ့်မယ်"
မဏိရု ညောင်စောင်းပေါ်မှ ဆင်းလာပြီး ရွှေလှောင်အိမ်ရှေ့တွင် ရပ်သည်။
"အိမ်ရှေ့စံ ဥယျာဉ်တော်တွင်း လှည့်ပတ်ကြည့်လို့ရပါတယ်"
"ရတယ်လား"
ယုဒ္ဓဓနု မျက်လုံးလေးများက တလက်လက်တောက်ပသွားသည်။မဏိရု မျက်လုံးများက အနည်းငယ် လှုပ်ရှားသွားသည်။
"ရပါတယ် ဒါပေမဲ့ အိမ်ရှေ့စံနဲ့ကျွန်ုပ်ကို အဲ့ဒီရွှေကြိုးနဲ့တွဲဆက်ထားရပါမယ်"
မဏိရု ယုဒ္ဓဓနု ခြေချင်းဝတ်ရှိ ရွှေကြိုးကို ညွှန်ပြသည်။
"ကောင်းပြီ"
မဏိရု ရွှေလှောင်အိမ်အတွင်းဝင်လာကာ ဒူးတစ်ဖက်ထောက်၍ ယုဒ္ဓဓနု ခြေချင်းဝတ်ရှိ ရွှေကြိုးကို ဖြုတ်သည်။ရွှေကြိုးက လေးတောင်ခန့်ရှည်လျားသည်။မဏိရု ရွှေကြိုးကို ယုဒ္ဓဓနု လက်ကောက်ဝတ်တွင်တစ်ဖက် သူ့လက်ကောက်ဝတ်တွင် တစ်ဖက်ခတ်လိုက်သည်။
ယုဒ္ဓဓနု ရွှေကြိုးခတ်ထားသည့် လက်ကောက်ဝတ်ကို ယမ်းခါလိုက်သည်။မဏိရုနှင့်ယုဒ္ဓဓနု ကြားရှိ ရွှေကြိုးလေးမှာ ကခုန်နေလေသည်။
ယုဒ္ဓဓနု မဏိရုဘေးမှ နေ၍ ရွှေလှောင်အိမ်အတွင်းမှ ထွက်လာသည်။မဏိရုက နန်းဆောင်တံခါးကို ဖွင့်သည်။ယုဒ္ဓဓနု အပြင်ကိုထွက်လိုက်သည်။
ပြင်ပလေက တကယ့်ကိုလတ်ဆတ်သည်။ယုဒ္ဓဓနု တစ်ကိုယ်လုံး လန်းဆန်းသွားသည်။ယုဒ္ဓဓနု နှုတ်ခမ်းထောင့်လေးတွေက အနည်းငယ်ကော့တက်လာ၏။မဏိရု ယုဒ္ဓဓနုထံမှ အကြည့်လွှဲလိုက်သည်။
YOU ARE READING
အချစ်နှင့်ကိန္နရာ( Completed)
Fantasy"ကျွန်ုပ်ဆုံးရှူံးခဲ့တဲ့အရှင့်ရဲ့အတိတ်ဘဝလည်း ကျွန်ုပ်အပိုင် ယခုဘဝလည်း ကျွန်ုပ်အပိုင် အရှင့်ရဲ့သံသရာ အဆက်ဆက်ဟာ ကျွန်ုပ်အပိုင်" အချစ်ကြီးပြီးအစွဲအလမ်းကြီးတဲ့ကိန္နရာနဲ့ ရေမြေ့သခင်ရှင်ဘုရင်တစ်ပါးတို့ရဲ့ လှပသော ဆွယ်ပျံ့ဖွယ်အချစ်ဇာတ်လမ်းလေးအကြောင်း St...