ယုဒ္ဓဓနု လေကိုတစ်ဝကြီးရှူလိုက်သည်။လေတွေအဆုတ်ထဲ တိုးဝင်လာတော့ ယုဒ္ဓဓနု အသည်းခိုက်အောင် နာကျင်သွားသည်။ယုဒ္ဓဓနု အောက်နှုတ်ခမ်းကို ကိုက်ကာ အသက်အောင့်လိုက်ပြီး ထိုအနက်ရောင်ဆူးချွန်မှ ရုန်းထွက်လိုက်သည်။ဝမ်းဗိုက်ဒဏ်ရာမှ သွေးတွေစီးကျလာသည်။ဖြူစွတ်စွတ် ပိုးကိုယ်ဝတ်တွင် သွေးများစွန်းထင်းသွားသည်။ယုဒ္ဓဓနု ဝမ်းဗိုက်မှ ဒဏ်ရာကိုလက်နှင့်ဖိကာ သုမဏိရှင်ထံ တစ်လှမ်းချင်းသွားလိုက်သည်။
သုမဏိရှင်က ဒူးထောက်ထားပြီး ရှေ့မှ ရုပ်အလောင်းအကြွင်းအကျန်ကိုသာ အသက်ဝိညာဉ်ကင်းမဲ့နေသလို ဗလာသက်သက် မျက်ဝန်းများဖြင့် စူးစိုက်ကြည့်နေသည်။ယုဒ္ဓဓနု သုမဏိရှင် ရှေ့တွင်ဒူးထောက်ထိုင်ချလိုက်သည်။
သုမဏိရှင်က အမှောင်တိုက်ထဲတွင် လမ်းပျောက်နေသည်။ယုဒ္ဓဓနု သုမဏိရှင်မျက်နှာကို အသာထိန်းကိုင်လိုက်သည်။သွေးနံ့ကလေထုထဲတွင် လွင့်ပျံနေသည်။
"အသင် ငါ ဒီမှာ ရှိတယ်"
ယုဒ္ဓဓနု သုမဏိရှင် နှုတ်ခမ်းပေါ် နှုတ်ခမ်းချင်းထပ်တူကျစေလိုက်သည်။သုမဏိရှင် မျက်လုံးများက တဖြည်းဖြည်းအသက်ဝင်လာသည်။သုမဏိရှင် ယုဒ္ဓဓနုကို ခပ်တင်းတင်းဖက်ကာ ယုဒ္ဓဓနု ခံတွင်းထဲအတင်းမွှေနှောက်တော့သည်။ယုဒ္ဓဓနုသည်လည်း သုမဏိရှင် ဦးဆောင်ရာနောက် အလိုက်သင့်စီးမျောလိုက်ပါနေသည်။
သုမဏိရှင်က ယုဒ္ဓဓနုကို ပျောက်ကွယ်သွားတော့မည့်အလား တင်းကျပ်စွာဖက်ကာ ပြင်းပြင်းထန်ထန်နမ်းရှိုက်နေသည်။သုမဏိရှင် ယုဒ္ဓဓနု ခံတွင်းထဲမှ သွေးအရသာကို ခံစားမိသည်။သုမဏိရှင် ယုဒ္ဓဓနုကို ဖက်ထားရာမှ လွှတ်ပြီး ယုဒ္ဓဓနု တစ်ကိုယ်လုံးကို စစ်ဆေးသည်။ယုဒ္ဓဓနု ဝမ်းဗိုက်မှ သွေးကွက်ကို မြင်တော့ သုမဏိရှင် ထိတ်လန့်သွားသည်။
"အရှင် တောင်းပန်ပါတယ်"
ယုဒ္ဓဓနု မျက်နှာထက်ဝယ် အပြုံးနုနုလေးတစ်ပွင့်ဖြစ်တည်လာ၏။
"ယခု ငါက သင်နဲ့ပဲ အတူရှိနေမှာမို့ ထပ်ပြီး ဒီလိုတွေ မလုပ်ပါနဲ့"
![](https://img.wattpad.com/cover/311804448-288-k535229.jpg)
YOU ARE READING
အချစ်နှင့်ကိန္နရာ( Completed)
Fantasy"ကျွန်ုပ်ဆုံးရှူံးခဲ့တဲ့အရှင့်ရဲ့အတိတ်ဘဝလည်း ကျွန်ုပ်အပိုင် ယခုဘဝလည်း ကျွန်ုပ်အပိုင် အရှင့်ရဲ့သံသရာ အဆက်ဆက်ဟာ ကျွန်ုပ်အပိုင်" အချစ်ကြီးပြီးအစွဲအလမ်းကြီးတဲ့ကိန္နရာနဲ့ ရေမြေ့သခင်ရှင်ဘုရင်တစ်ပါးတို့ရဲ့ လှပသော ဆွယ်ပျံ့ဖွယ်အချစ်ဇာတ်လမ်းလေးအကြောင်း St...