Part 26

3.7K 399 4
                                    


သုမဏိရှင် တပ်မင်းများအားလုံးကို ယုဒ္ဓဓနု၏တဲနန်းအတွင်း စုဝေးစေလိုက်သည်။တပ်မင်းများက တဲနန်းအတွင်း ဝင်လာပြီး ယုဒ္ဓဓနုကို ဦးညွှတ်အရိုအသေပေးကာ စားပွဲရှည်တွင် ဝင်ထိုင်ကြသည်။ယုဒ္ဓဓနု သလွန်ပေါ်တွင် လှဲလျောင်းနေရင်းပင် တပ်မင်းများအားလုံး၏မျက်နှာကို အကဲခတ်လိုက်သည်။တဲနန်းအတွင်း တိတ်ဆိတ်မှုများသာ ကြီးစိုးနေသည်။

တပ်မင်းသက္က စကားစလိုက်သည်။

"အိမ်ရှေ့စံ အိမ်ရှေ့စံ ကျုပ်တို့ကို ဆင့်ခေါ်တာက စစ်မျက်နှာကနေ ဆုတ်ခွာစေဖို့မလား"

တပ်မင်းသက္ကမျက်နှာက တည်ငြိမ်နေပြီး ရဲဝံ့ပြတ်သားမှုကို သယ်ဆောင်ထားသည်။

"ဟုတ်တယ် တပ်မင်း သူရိယနဲ့စစ်ပွဲအတွင်း စစ်အင်အားဘယ်လောက် ဆုံးရှုံးသွားသလဲ"

"မှန်ပါ အိမ်ရှေ့စံ စစ်သည်အင်အား နှစ်ထောင်ခန့်ဆုံးရှုံးပြီး နှစ်သိန်းကိုးသောင်းရှစ်ထောင်အင်အား ရှိပါတယ်"

"ကောင်းပြီ အဲ့သလိုဆို တပ်မတွေအားလုံးကို သေချာစုစည်းပြီး စစ်မျက်နှာကနေ ထွက်ခွာဖို့ ပြင်ဆင်ပါ"

"အိမ်ရှေ့စံ အိမ်ရှေ့စံက တပ်တော်ဦးမှာ စစ်မြင်းရထားနဲ့လိုက်ပါပြီး ကျုပ်တို့ညီနောင်နဲ့သျှင်မိယွန်းက ကာကွယ်ပါ့မယ်"

ဒီပိက ပြောသည်။ယုဒ္ဓဓနု ခေါင်းညိတ်ကာ တပ်မင်းသက္ကကို ကြည့်သည်။

"တပ်မင်းသက္က"

"မှန်ပါ အိမ်ရှေ့မင်း ကျုပ်က တပ်နောက်ဆုံးကနေ လိုက်ပါပြီး ရန်သူတွေ တပ်မကို မထိုးဖောက်နိုင်အောင် ပိတ်ဆို့ကာကွယ်ထားပါ့မယ်"

"ဒါက အန္တရာယ်များလွန်းတယ် တပ်မင်းသက္က တကယ်လို့ တပ်မင်းရဲ့တပ်မသာ ပြတ်ကျန်ခဲ့ရင် ရန်သူတွေကြား ပိတ်မိသွားနိုင်တယ် အသက်တောင် ဆုံးရှုံးနိုင်တယ်"

ယုဒ္ဓဓနု စိုးရိမ်တကြီးပြောသည်။တပ်မင်းသက္ကက ဝေဠုဒီပေါ၏ အားကိုးရသော လက်နက်ဝန်စစ်သူကြီးတစ်ယောက်ဖြစ်ပြီး သစ္စာကြီးမားသော လက်ရုံးရည် နှလုံးရည်ပြည့်ဝသည့် စစ်သည်တော်ကောင်းတစ်ယောက် ဖြစ်သည်။ယုဒ္ဓဓနု ဝေဠုဒီပေါအတွက် အားထားရသည့် စစ်သူရဲကောင်း တပ်မင်း မင်းမဏိကို ဆုံးရှုံးခဲ့ရပြီ။တပ်မင်းသက္ကကိုတော့ဖြင့် အဆုံးရှုံး မခံနိုင်တော့ချေ။ထို့ပြင် ယုဒ္ဓဓနုက မကြာခင် သေဆုံးရတော့မည့် လူသာ ဖြစ်သည်။တပ်မင်းသက္ကကို  အန္တရာယ်ထဲ အချည်းနှီးမပို့လိုက်နိုင်ပေ။

အချစ်နှင့်ကိန္နရာ( Completed)Where stories live. Discover now