Part 6

6.3K 572 2
                                    

ယုဒ္ဓဓနု အမှောင်ထဲမှရွှေရောင်တောင်ပံတစ်စုံကိုမြင်နေရသည်။ရွှေရောင်တောင်ပံတစ်စုံကအမှောင်ထဲတွင် လင်းလက်နေပြီး ယုဒ္ဓဓနုအတွက် အလွန်တရာမှ ရင်းနှီးလို့နေသည်။ယုဒ္ဓဓနု တစ်စုံတစ်ယောက်ရဲ့ရှိုက်ငိုသံကိုလည်း ကြားရသည်။ဝမ်းနည်းပူဆွေးခြင်းနှင့်ကြေကွဲဆို့နင့်မှုကိုသယ်ဆောင်ထားသည့် ငိုရှိုက်သံက ယုဒ္ဓဓနု နှလုံးသားကိုအားပြင်းပြင်းဖြင့်ဆုတ်ဖြဲနေသယောင်။ထိုရှိုက်ငိုသံက ရွှေရောင်တောင်ပံပိုင်ရှင်ထံမှလား။ပင်ပင်ပန်းပန်း ဆင်းဆင်းရဲရဲငိုကြွေးနေသည်မှာ ယုဒ္ဓဓနုပင် မွန်းကြပ်လာရသည်။ရွှေရောင်တောင်ပံကတဖြည်းဖြည်းမှိန်ပြလာသည်။ယုဒ္ဓဓနု ထိုရွှေရောင်တောင်ပံကို ထိတွေ့လိုသေးသည်။

"မသွားပါနဲ့"

ယုဒ္ဓဓနု နှုတ်မှအော်လိုက်သည်။သို့သော် ရွှေရောင်တောင်ပံက‌တဖြည်းဖြည်းပျောက်ကွယ်နေသည်။ယုဒ္ဓဓနု  ထိုရွှေရောင်တောင်ပံနောက်အပြေးလိုက်သည်။ခြေလှမ်းတွေက လေးလံနေသည်။ရွှံ့နွံထဲတွင်ရောက်နေသလို ခန္ဓာကိုယ်ကလေးလံလှသည်။ရွှေရောင်တောင်ပံကလုံးဝပျောက်ကွယ်သွားပြီး ယုဒ္ဓဓနု အမှောင်ထုတွင်တဖြည်းဖြည်းနှစ်မြှုပ်သွားသည်။နှလုံးသားက လစ်ဟာသွားပြီး နာကျင်ရသည်။

ယုဒ္ဓဓနု ပါးပြင်မှအေးစက်မှုကိုခံစားရသည်။မျက်လုံးဖွင့်လိုက်တော့ ကိန္နရာက ယုဒ္ဓဓနုပါးပြင်ကို ရေစိုအဝတ်လေးနှင့် တယုတယသုတ်ပေးနေသည်။ယုဒ္ဓဓနု ထထိုင်လိုက်သည်။ယုဒ္ဓဓနုရဲ့အတွေးတွေရှုပ်ထွေးနေပြီး ကိန္နရာကိုမြင်လိုက်ရတော့ နှလုံးသားမှနာကျင်မှုကပျောက်ကွယ်သွားသည်။ယုဒ္ဓဓနု လက်ချောင်းလေးတွေနှင့် ကိန္နရာရဲ့မျက်နှာကိုထိတွေ့လိုက်သည်။ကိန္နရာက ယုဒ္ဓဓနုကို မြတ်နိုးစွာကြည့်နေသည်။

'ဟင်'

ယုဒ္ဓဓနု ပါးပြင်ပေါ်မျက်ရည်လေးတွေလိမ့်ဆင်းလာ၏။

'ငါငိုနေတာလား ဘာလို့လဲ'

ကိန္နရာက ယုဒ္ဓဓနုရဲ့မျက်ရည်လေးတွေကို ကြင်ကြင်နာနာသုတ်ပေး၏။ယုဒ္ဓဓနုရဲ့မျက်ရည်များက သုမဏိရှင် ရင်ကိုလေးလံမွန်းကြပ်စေသည်။

အချစ်နှင့်ကိန္နရာ( Completed)Where stories live. Discover now