Part 30(Final)

8.6K 521 37
                                    

များစွာသောရန်သူများသည်လည်း ကုန်းမြင့်ပေါ်မှ ပြေးဆင်းလာသည်။စစ်မြေပြင်က စစ်ရထားသံ၊မြင်းခွာသံတို့နှင့် တသိမ့်သိမ့်တုန်‌‌နေသည်။သူရိယစစ်သည်များက တစ်ခဲနက်ဟစ်ကြွေးနေသည်။

သုမဏိရှင် မြင်းဇက်ကြိုးကို လက်တစ်ဖက်နှင့်ကိုင်ကာ တစ်ဖက်က ကြာပွတ်ကို ဝှေ့ယမ်းနေသည်။မြင်းလေးကောင်က အရှိန်နှင့်ပြေးကာ ယုဒ္ဓဓနုကျောပေါ်မှ လေးတော်ကြီး၏အစွန်းအမြိတ်သည် ယမ်းခါနေသည်။

ရန်သူများက ‌မြားမိုးများ ရွာချစေသည်။မြားတံတချို့ စစ်ရထားတွင် စိုက်ဝင်လာသော်လည်း ယုဒ္ဓဓနုတို့ကို ထိမှန်ခြင်းမရှိ။မြင်းလေးကောင်တပ်စစ်ရထားမှာ မိုးကြိုးလျှပ်စီးအလျင်ဖြင့် ရန်သူများထံ ထိုးဖောက်ဝင်ရောက်သွားသည်။

ယုဒ္ဓဓနု မြားကျည်တောက်ထဲမှ မြားတစ်ချောင်းပြီး တစ်ချောင်းယူကာ ရန်သူများထံ ပစ်ခွင်းသည်။မြားတံများ ကုန်သွားသောအခါ ယုဒ္ဓဓနု လှံရှည်ကို ၍ရန်သူ့တပ်သားများကို နှိမ်နင်းသည်။ရထားက ရန်သူ့စစ်သည်များကို အသက်နုတ်ယူသွားပြီး သွေးနံ့တို့က ထောင်းထောင်းထနေသည်။ယုဒ္ဓဓနု၏လှံသွားသည် သွေးနီရောင်ပြောင်းသွားသည်။

သုမဏိရှင်က ကြာပွတ်ကို တစ်ခဏလေးမျှ ရပ်နားခြင်းမရှိ မြင်းများကို ဆက်တိုက်ရိုက်သည်။လမ်းကြောင်းရှိ ရန်သူ့စစ်သည်များအားလုံးကို ဖြတ်တိုက်သည်။မြင်းဟီသံများကား အဆက်မပြတ်။စစ်ရထားက ကြောက်မက်ဖွယ်ရာအလျင်ဖြင့် ထိုးဖောက်နေသည်။ရန်သူ့စစ်သည်များမှာ လွှင့်စင်ထွက်သွားသည်။

သူရိယပြည့်ရှင်က ဆင်ဦးကင်းထက်တွင် ထိုင်နေပြီး ရန်သူများ အထူထပ်ဆုံးနေရာတွင် ရှိနေသည်။ယုဒ္ဓဓနု သူရိယပြည့်ရှင်ကို မြင်လိုက်ရသည့်အခိုက် အသွေးအသားထဲမှ စစ်သွေးများပွက်ပွက်ဆူလာသည်။ယုဒ္ဓဓနု လှံရှည်ကို ပစ်ချလိုက်သည်။ခါးရှိ ဆောင်ဓားကို ဆွဲ‌ထုတ်လိုက်သောအခါ ယုဒ္ဓဓနု၏ဆောင်ဓားသည် ရန်သူ့သွေးကို ‌ဆာလောင်ငတ်မြွတ်နေသည်။

တိုက်ပွဲက ပို၍ပင် ပြင်းထန်လာသည်။သူရိယစစ်သည်များနှင့်ဝေဠုဒီပေါစစ်သည်များ ထိပ်တိုက်တွေ့ဆုံကြပြီး နေရာအနှံ့တွင် လူသေအလောင်းများ ထူထပ်လာသည်။အံကြိတ်သံ၊နာကျင်စွာအော်ဟစ်သံ၊မြင်းခွာသံ၊မြင်းဟီသံနှင့် ဆင်အော်သံများကြားတွင် စစ်မျက်နှာက သွေးရောင်လွှမ်းနေသည်။

အချစ်နှင့်ကိန္နရာ( Completed)Where stories live. Discover now