Part 29

3.7K 355 13
                                    


မြေပြင်တွင် သွေးနံ့တို့လှိုင်လှိုင်ထနေသည်။သဲမှုန်များကို သယ်ဆောင်လာသော လေထုက တပ်မင်းသက္ကမျက်နှာကို ခပ်ကြမ်းကြမ်းပွတ်သပ်ကျီစယ်သွားသည်။တပ်မင်းသက္က သွေးတစ်လုတ်ခန့်အန်ထုတ်လိုက်သည်။သွေးအရသာက ခံတွင်းတစ်ခုလုံးတွင် ပျံ့နှံ့သွားပြီး တပ်မင်းသက္ကလက်များက တုန်ယင်နေသည်။ဝေ‌ဠုဒီပေါစစ်သည်များ၏အလောင်းများက မြေပြင်အနှံ့ပြန့်ကျဲနေသည်။ယမန်‌နေ့က တပ်မင်းသက္က ဆေးပုလင်း ပစ်ပေးလိုက်သည့် တပ်မင်းငယ်လေးက မျက်လုံးများ ပြူးကြောင်လျက်သားပင် အသက်ဝိညာဉ် ကင်းမေ့နေသည်။တပ်မင်းသက္က ရင်ထဲ စူးအောင့်သွားပြီး အံတင်းတင်းကြိတ်လိုက်သည်။

သူရိယစစ်သည်များက လှံရှည်များကို ကိုင်ဆောင်ကာ တပ်မင်းသက္ကအနီးသို့ တဖြည်းဖြည်းချင်း ကပ်လာသည်။တပ်မင်းသက္က ဆောင်ဓားကို ခပ်တင်းတင်းကိုင်ကာ ရန်သူများကို ခုခံရန် အသင့်ပြင်လိုက်သည်။ဘေးပတ်ပတ်လည်မှ လှံရှည်များတိုးဝင်လာသည်။တပ်မင်းသက္က ဆောင်ဓားဖြင့် ကာကွယ်သည်။

လက်နက်ချင်း ထိခတ်သံများ ဆက်တိုက်ဆူညံနေသည်။တပ်မင်းသက္က နှုတ်ခမ်းများမှာ ဖြူရော်ခြောက်သွေ့နေလေပြီ။အမြင်အာရုံများမှာလည်း လင်းတစ်ချက် မှောင်တစ်ချက်။တပ်မင်းသက္ကက ဒဏ်ရာရနေသည့် သားရဲတစ်ကောင်လို မာန်ဖီကာဒေါသတကြီး ကြမ်းကြမ်းတမ်းတမ်းတိုက်ခိုက်သည်။လှံရှည်တစ်ချောင်းက ပျံသန်းလာကာ တပ်မင်းသက္ကခြေသလုံးတွင် စိုက်ဝင်သွားသည်။တပ်မင်းသက္က ဒူးထောက်ကျသွား၏။သွေးတွေက ရေတံခွန်အလား စီးကျလာသည်။

"သူ့ကို မသတ်နဲ့"

သူရိယပြည့်ရှင်၏ ဩဇာညောင်းသော အမိန့်သံက ဟိန်းထွက်လာသည်။သူရိယစစ်သည်များက သူရိယပြည့်ရှင်ကို ဦးညွှတ်ကာ လမ်းဖယ်ပေးသည်။သူရိယပြည့်ရှင်က တပ်မင်းသက္ကရှေ့တွင်ရပ်၍ တပ်မင်းသက္ကကို ငုံ့ကြည့်သည်။

"တပ်မင်း သင်က စစ်သည်ကောင်းတစ်ယောက်ပဲ သင် ငါ့လက်အောက်ကို ဝင်ပြီး ငါ့သစ္စာကို ခံမယ်ဆိုရင် သင့်ကို ချမ်းသာပေးမယ်"

တပ်မင်းသက္က၏ဖြူဖျော့သော နှုတ်ခမ်းထောင့်များက ကော့တက်လာသည်။တပ်မင်းသက္က သူရိယပြည့်ရှင်ကို လှောင်ရိပ်သန်းသော မျက်ဝန်းများဖြင့် ကြည့်သည်။

အချစ်နှင့်ကိန္နရာ( Completed)Where stories live. Discover now