Part 14

4.5K 431 2
                                    

ညစာစားပွဲသဘင်ခန်းမအတွင်း ဆီမီးရောင်ကနူးညံ့စွာဖြာကျရင်း နွေးထွေးမှုပေးနေသည်။မိဂေါနဒီဘုရင် ‌ယုဒ္ဓဓနု သေခွက်ထဲသေရည်ငှဲ့ပေးသည်။မိဂေါနဒီပြည့်ရှင်ဘေးတွင် သက်တော်ဆယ့်လေးနှစ်သာရှိသေးသည့် သားတော်အိမ်ရှေ့စံ အနုဓန နှင့် ညီတော် သင်္ခယာရှိပြီး ယုဒ္ဓဓနု၏ဘေးတွင် သုမဏိရှင် ထိုင်နေပြီး ထိုနောက်တွင်တော့ ဒီပိ၊ဒီပါညီနောင်နှင့်အတူ သျှင်မိယွန်းတို့က အသီးသီးနေရာယူထားသည်။အိမ်ရှေ့စံ အနုဓနက ငယ်ရွယ်ချောမောကာ ဖြူစွတ်သည့်အသားအရည်ကြောင့် ကြွေရုပ်လေးတစ်ရုပ်လိုပင် ထင်ရသည်။စကားနည်းပြီး ရာဇဣန္ဒြေအပြည့်ဖြင့် ထိုင်နေသောကြောင့် အနုဓနက တကယ့်ကို ဘုန်းကျက်သရေအပြည့် ဖြစ်သည်။

ယုဒ္ဓဓနု သေခွက်ကိုမော့ချလိုက်သည်။ယစ်မူးဖွယ်သေရည်က လည်ချောင်းတစ်လျှောက်ပူဆင်းသွားပြီး ဝမ်းဗိုက်ကိုပူလောင်သွားစေသည်။

"အိမ်ရှေ့စံ ဒီကနေ့က ကျက်သရေရှိလှတဲ့နေ့လေးပဲ ဝေဠုဒီပေါနဲ့မိဂေါနဒီ နှစ်နိုင်ငံပေါင်းစည်းရေးအတွက် ကိုယ်တော်အရမ်းကို ဝမ်းမြောက်မိတယ်"

မိဂေါနဒီပြည့်ရှင်က သေခွက်ကိုမော့ချလိုက်ပြီး ရယ်ရယ်မောမောပြောသည်။မိဂေါနဒီပြည့်ရှင်က သက်တော်လေးဆယ့်ငါးနှစ်သာ ရှိသေးသော်လည်း ရှိရင်းစွဲအသက်ထက် ကြီးရင့်နေသည်ထင်ရသည်။သို့သော် ရယ်မောလိုက်သောအချိန်တွင်ကား တက်ကြွလန်းဆန်းမှုတစ်စွန်းတစ်စက ‌ထွက်ပေါ်လာသည်။ယုဒ္ဓဓနု ပြုံးလိုက်သည်။

"အိမ်ရှေ့စံ ဒီသေရည်က ကျွန်တော်တို့ မိတ်ဖြစ်ဆွေဖြစ်ပါ လက်ခံပေးပါ အိမ်ရှေ့စံ"

မင်းသားငယ်သင်္ခယာက ယုဒ္ဓဓနုကို တစ်ခွက်ငှဲ့ပေးသည်။ယုဒ္ဓဓနု ပြုံးကာ ခေါင်းညိတ်၍လက်ခံလိုက်သည်။မင်းသားငယ်သင်္ခယာမျက်နှာလေးက ဖြူစင်သန့်ရှင်းနေပြီး မျက်လုံးတွေကတော့ သေရည်ကြောင့် အနည်းငယ်ရီဝေနေသည်။အနုဓန နှင့်ယှဉ်လျှင် မင်းသားငယ်သင်္ခယာက ပို၍နှစ်လိုဖွယ်ကောင်းသည်။

"ကောင်းပါပြီ မင်းသားငယ်"

ယုဒ္ဓဓနု တစ်ခွက်မော့ချလိုက်ပြန်သည်။မိဂေါနဒီ၏သေရည်က ဝေဠုဒီပေါတိုင်းပြည်မှသေရည်လောက် မပြင်းထန်တာကြောင့် ယုဒ္ဓဓနု အနည်းငယ်မျှတောင် ယစ်မူးခြင်းမရှိ။

အချစ်နှင့်ကိန္နရာ( Completed)Where stories live. Discover now