Part 10

5.2K 500 10
                                    

သုမဏိရှင် ယုဒ္ဓဓနု ကေသာများကို ဆင်စွယ်ဘီးဖြင့် ဖြီးသင်ပေးနေသည်။သုမဏိရှင်၏သန်မာလှသည့်လက်ချောင်းများက ယုဒ္ဓဓနု ကေသာများကို နူးညံ့စွာကိုင်တွယ်နေပြီး ရွှေနဖူးသင်းကျစ်ကိုယူကာ ခိုင်မြဲစွာ ထုံးဖွဲ့ပေး၏။သုမဏိရှင်၏အပြုအမူက လုံးဝဥဿုံ ညင်သာသိမ်မွေ့နေပြီး ဆံနွယ်လေးများကို တစ်ချောင်းတစ်လေမျှ မပျက်စီးရလေအောင် ဂရုတစိုက်ရှိလှသည်။သုမဏိရှင် ဆင်စွယ်ဘီးကို ကြည့်လိုက်တော့ ဆံခြည်မျှင်တချို့က ဘီးတွင်ရစ်ပတ်နေသည်။သုမဏိရှင် မျက်လုံးများမည်းမှောင်သွားသည်။

"အရှင် အရှင့် ဆံပင် ငါးချောင်းတောင်ကျွတ်သွားပြီ"

ယုဒ္ဓဓနု မျက်ခုံးပင့်ကာကြည့်လိုက်သည်။သုမဏိရှင် မျက်လုံးများကမည်းနက်နေပြီး ဆင်စွယ်ဘီးကိုသာ ခပ်မှိုင်းမှိုင်းကြည့်နေ၏။

"ဒီလောက်က ပုံမှန်ပဲမဟုတ်ဘူးလား အသင်"

"မဟုတ်ဘူး ယခင်က‌ ကေသာဖြီးသင်တိုင်း သုံးချောင်းပဲ ကျွတ်လေတာ ယခုတော့ ငါးချောင်းတောင်..."

သုမဏိရှင် မျက်လုံးများကဝမ်းနည်းစွာ မှိန်ဖျော့နေသည်။ယုဒ္ဓဓနု သုမဏိရှင်လက်ကိုဆုပ်ကိုင်ကာ ညင်ညင်သာသာပြောလိုက်သည်။

"အသင် ကေသာဆိုတာ ကျွတ်တာ သာမန်ဖြစ်စဉ်ပဲ အကျယ်ချဲ့မနေလေနဲ့"

"အရှင်က အမြဲတမ်း ဒီလိုပဲ ကျွန်ုပ် စိုးရိမ်ပြီဆို အကျယ်ချဲ့သလေး ဘာလေးနဲ့ ပြီးတော့..."

သုမဏိရှင်က အပြစ်တင်လေဟန် ပြောဆိုလာသည်။ယုဒ္ဓဓနု မျက်ခုံးလှုပ်လာ၏။သုမဏိရှင်ကို ဒီလိုပြောတတ်အောင် ဘယ်သူသင်ခဲ့ပါလိမ့်။

"ပြီးတော့ ဘာဖြစ်သလဲ အသင်"

"ပြီးတော့...ကျွန်ုပ် ချစ်စကားဆိုတိုင်းလည်း လက်မခံ ကျွန်ုပ် ဘယ်လိုနေရပါ့မလဲ"

"အလို ဆံပင်ကျွတ်တာနဲ့ ချစ်စကားဆိုတဲ့အကြောင်းကို ဘယ်ကဘယ်လို ရောက်သွားရတာလဲ"

သုမဏိရှင် ယုဒ္ဓဓနု လက်လေးကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်က ရှည်လျားသောမျက်တောင်များကို ပုတ်ခတ်ပုတ်ခတ်ပြုလိုက်သည်။

အချစ်နှင့်ကိန္နရာ( Completed)Where stories live. Discover now