Part 15

4.4K 550 23
                                    

သင်္ခယာ သမင်ကြီး၏အ‌ရှိန်ကိုနှေးလိုက်သည်။ဒီပိက ရပ်ရန် လက်ဟန်ပြသည်။သင်္ခယာ ခေါင်းညိတ်ပြီး ဒီပိ၏မြင်းဘေးတွင်ရပ်လိုက်သည်။ဒီပိ ကြည့်နေရာကို ကြည့်လိုက်တော့ အိမ်ရှေ့စံနှင့်သုမဏိရှင်တို့က လက်ချင်းဆုပ်ကိုင်ထားပြီး မြစ်ပြင်ကို ကြည့်နေသည်။သင်္ခယာ မျက်လုံးများ လက်ခနဲဖြစ်သွားသည်။

"ရောင်းရင်း အိမ်ရှေ့စံတို့က...."

ဒီပိ သင်္ခယာကို ညှို့မှိုင်းလွန်းသောမျက်ဝန်းညိုတို့ဖြင့် လေးနက်စွာကြည့်လာသည်။သင်္ခယာ စိတ်ထဲ ထိုမျက်ဝန်းညိုများကို အဓိပ္ပါယ်ဖော်မရပေ။

"အရှင်မင်းသား ထင်သလိုပါပဲ အိမ်ရှေ့စံတို့က"

ဒီပိက ပြောကာ အိမ်ရှေ့စံတို့ကိုသာ ကြည့်နေသည်။သင်္ခယာ မျက်မှောင်ကြုံ့လိုက်သည်။ထို့နောက် ပါးစပ်မှ လွှတ်ခနဲ ထွက်သွားသည်။

"ဒီလို မအပ်မရာ နှိမ့်ကျတဲ့အပြုအမူမျိုး.."

ဒီပိ မျက်နှာတင်းမာသွား၏။ဒီပိ သင်္ခယာကို ခပ်စူးစူးကြည့်လိုက်သည်။

"အရှင်မင်းသားက ယောကျာ်းနှစ်ယောက်ရဲ့ချစ်ခြင်းကို မအပ်မရာလို့ ထင်မြင်သလား နှိမ့်ကျတယ်လို့ တွေးသလား"

သင်္ခယာ စကားမှားသွားကြောင်း နားလည်လိုက်သည်။

"ကျွန်တော် ပြောချင်တာ အဲ့လိုမဟုတ်..."

"အရှင်မင်းသား အတ္တတွေမစွန်းထင်းသရွေ့ ချစ်ခြင်းတိုင်းက လှပတယ် ချစ်ခြင်း‌ဆိုတာ လူ‌တွေဘောင်ခတ်လို့မရတဲ့ မမှန်းဆနိုင်တဲ့စွမ်းအင်ပဲ အရှင်မင်းသားက ချစ်ခြင်းကို အေးမြတဲ့စွမ်းအင်ရှိတယ်လို့ ထင်ရင် တစ်ဖက်မှာ ချစ်ခြင်းက ပူလောင်နေတတ်တယ် ပူလောင်နေလို့ မချစ်ဘဲနေတော့မယ်ဆိုပြီး ထိန်းချုပ်လို့မရပြန်ဘူး ချစ်ခြင်းက နှလုံးသားကို စေခိုင်းတယ် လူတွေက နှလုံးသားအလိုကို လိုက်ရတယ် နှလုံးသားက သူအလိုရှိရာကိုပဲ တောင့်တနေလိမ့်မယ်"

သင်္ခယာ ဒီပိလို ကြမ်းတမ်းသောစစ်သည်တော်ယောကျာ်းသားထံမှ အချစ်အကြောင်း ဖွဲ့နွဲ့သည့်စကားများကြား၍ အံ့သားသင့်သွားသည်။ဒီပိလည်း တစ်ခါမှမပြောဖူးသည့်စကားတွေ အများကြီး ပြောမိ၍ ကိုယ့်ကိုယ်ကို အံ့ဩနေမိသည်။ဒီပိ မြင်းဇက်ကြိုးကို ဆွဲကာ အသော့နှင်၍ တောထဲဝင်ခဲ့လိုက်သည်။

အချစ်နှင့်ကိန္နရာ( Completed)Where stories live. Discover now