Part 28

3.9K 384 15
                                    

သုမဏိရှင် ယုဒ္ဓဓနုပါးပြင်လေးကို နူးနူးညံ့ညံ့နမ်းရှိုက်သည်။ယုဒ္ဓဓနု၏နဖူးပေါ်ကျနေသည့် ကေသာလေးတွေကို ကြင်နာစွာ သပ်တင်ပေးကာ နဖူးပြင်လေးကို တယုတယနမ်း၏။

ယုဒ္ဓဓနု နှုတ်ခမ်းထောင့်များက‌ ကော့တက်လာသည်။သုမဏိရှင် ယုဒ္ဓဓနုခါးလေးကို ဆွဲပွေ့ကာ ရင်ခွင်ထဲ နင့်နေအောင် ဖက်ထားလိုက်သည်။

"အရှင် ကျွန်ုပ် အရှင့်ကို သိပ်မြတ်နိုးတယ်"

"ငါ သိတယ်"

ယုဒ္ဓ‌ဓနု သုမဏိရှင်ကို ပြန်လည်ပွေ့ဖက်လိုက်သည်။ယုဒ္ဓဓနု သုမဏိရှင်ကို ပွေ့ဖက်လိုက်တိုင်း နှလုံးသားမှ နွေးထွေးမှုကို ခံစားရသည်။ကောင်းကင်တွင် တိမ်မဲများ ကင်းစင်သွားလေပြီ။ယုဒ္ဓဓနုနှင့်သုမဏိရှင်တို့ကြားရှိ ကံကြမ္မာဆိုးများသည်လည်း ပြေပျောက်သွားလေပြီ။

သုမဏိရှင် ယုဒ္ဓဓနုကို ပွေ့ချီကာ ဒေဝဒါရုတောင်ပေါ်မှ ‌ပျံသန်းလိုက်သည်။အဝေးမှ ဝေဠုဒီပေါနန်းတွင်းကို ရေးရေးမြင်ရသည်။ယုဒ္ဓဓနု သုမဏိရှင် လည်တိုင်တွင် လက်များချိတ်ဆွဲကာ ခပ်တင်းတင်းဖက်ထားသည်။သုမဏိရှင် အဖြူရောင်တောင်ပံများကို အားမာန်အပြည့်ခတ်ရင်းပင် ယုဒ္ဓဓနု နဖူးကို ခပ်ဖွဖွနမ်းလေသည်။

သုမဏိရှင် ယုဒ္ဓဓနုကို ပွေ့ကာ အိမ်ရှေ့စံနန်းဆောင်ရှေ့တွင် သက်ဆင်းလိုက်သည်။ဝေ‌ဠုဒီပေါရှင်ဘုရင်နှင့်ပုဏ္ဏားကြီးက အိမ်ရှေ့စံနန်းဆောင်ထဲမှ အပြေးထွက်လာ၏။

ယုဒ္ဓဓနု သုမဏိရှင် ရင်ခွင်တွင်းမှဆင်းသည်။ဝေဠုဒီပေါရှင်ဘုရင်က ရာဇဣန္ဒြေကို မထိန်းသိမ်းနိုင်တော့ဘဲ ပြေးလာကာ ယုဒ္ဓဓနုကို ပွေ့ဖက်သည်။ယုဒ္ဓဓနု ခမည်းတော်ကို ပြန်လည်ပွေ့ဖက်လိုက်သည်။

"သားတော် အိမ်ရှေ့စံ"

"မှန်ပါ ခမည်းတော်"

"ဘုန်းကြီးပေလို့ သားတော်ရယ်"

ခမည်းတော်က ယခုမှ စိတ်အေး‌သွားပုံရသည်။ယုဒ္ဓဓနု ယခုမှခမည်းတော်ကို သေချာကြည့်မိသည်။ခမည်းတော်မျက်နှာက သိပ်ကိုအိုမင်းသွားပြီဖြစ်သည်။ဦးခေါင်းရှိ ကေသာများကလည်း ဖြူဆွတ်နေချေပြီ။မျက်ခွံများသည်လည်း တွဲကျနေပြီ ဖြစ်ကာ မျက်နှာကလည်း ဇရာကြောင့် ပိန်ကျနေပြီ။ယုဒ္ဓဓနု ခမည်တော်၏လက်များကို စိတ်မကောင်းစွာ ဆုပ်ကိုင်လိုက်သည်။

အချစ်နှင့်ကိန္နရာ( Completed)Where stories live. Discover now