Part 16

4.2K 416 8
                                    

ရေခိုးရေငွေ့တွေက ရေပြင်ပေါ်တွင်ဝေ့ဝဲနေသည်။ဖ‌ယောင်းတိုင်မီးမှိန်မှိန်က ရေချိုးဆောင်တော်ထဲ ‌မှိန်ဖျော့စွာ အလင်းပေးထားသည်။ယုဒ္ဓဓနု ကိုယ်ဝတ်ကိုချွတ်ကာ ရေကန်ထဲဝင်သည်။‌ယုဒ္ဓဓနု၏အ‌လေးချိန်ကြောင့် ရေတွေလျှံထွက်လာကာ အပြင်သို့ စီးကျသွားသည်။ယုဒ္ဓဓနု ရေနွေးနွေးလေးထဲစိမ်ကာ မျက်စိရှေ့မှ သုမဏိရှင်ကို ကြည့်နေသည်။

သုမဏိရှင် လက်မှ ရွှေလက်စည်းကို ချွတ်သည်။နဖူးမှ နဖူးသင်းကျစ်ကိုချွတ်ကာ ဆံပင်တွေကို ဖြန့်ချသည်။

ယုဒ္ဓဓနု သုမဏိရှင်ကို ကြည့်နေ၏။သုမဏိရှင်၏ပခုံးသားများပေါ်တွင် ကြီးမားသောအမာရွတ်များကို တွေ့ရသည်။အမာရွတ်များက မြေသားကိုကုပ်တွယ်ထားသော သစ်ပင်၏အမြစ်များသဏ္ဌာန် ရှိသည်။မီးလောင်ထားသလို ရှုံ့တွနေပြီး လူအိုကြီးတစ်ယောက်ရဲ့လက်များမှ အကြောအမြွှာများနှင့်လည်း တူသည်။အမာရွက်များက လက်ပြင်အထိရှိပြီး ကြည့်ရတာ အရုပ်ဆိုးလှသည်။

သုမဏိရှင်က ဆံပင်များကို ဖြန့်ချထားတာကြောင့် သေ‌ချာသဲသဲကွဲကွဲ မမြင်ရ။ယုဒ္ဓဓနု သုမဏိရှင်၏အမာရွတ်များကို တွေ့ဖူးသော်လည်း ယခုမှသေချာကြည့်မိသည်။ဒီလို အမာရွတ်မျိုးက ဘယ်လိုဒဏ်ရာကြောင့် ရခဲ့သည်ကို ယုဒ္ဓဓနု တွေးလို့မရ။

သုမဏိရှင် ယုဒ္ဓဓနုရဲ့စူးစမ်းနေတဲ့မျက်လုံးလေးများကို ကြည့်ပြီး ပြုံးလိုက်သည်။ယုဒ္ဓဓနုရဲ့အကြည့်များက သုမဏိရှင်ရဲ့အမာရွတ်များပေါ် ရောက်နေသည်။

သုမဏိရှင် ရေကန်ထဲဝင်လာသည်။ရေများက ကန်အပြင် ခုန်ဆင်းသွားပြန်သည်။သုမဏိရှင် ကန်ဘောင်ပေါ် လက်နှစ်ဖက်တင်ကာ ကျယ်ပြန့်သောရင်အုပ်ကို လှစ်ပြထားသည်။ရေစက်ရေပေါက်လေးများက  သုမဏိရှင်၏ရင်ပြင်ကျယ်ကြီးတွင် တွဲခိုနေသည်။ရေခိုးရေငွေ့များ လွင့်ဝဲနေသော ရေကန်ထဲတွင် သုမဏိရှင်၏ ချောမောခံ့ညားသော မျက်နှာမှာ ဆွဲဆောင်အား ပြင်းလှသည်။

ယုဒ္ဓဓနုက သုမဏိရှင်ရဲ့မျက်လုံးများကို မလွတ်တမ်းကြည့်နေသည်။‌မေးသင့်၏ မသင့်၏ ဆုံးဖြတ်နေဟန်တူသည်။

အချစ်နှင့်ကိန္နရာ( Completed)Opowieści tętniące życiem. Odkryj je teraz