Part 2

8.8K 752 30
                                    

ဝေဠုဒီပေါဘုရင် သားငယ်ကိုရင်ခွင်တွင်းပွေ့ထား၏။မွေးဖွားလာပြီးချင်း အမိမဲ့သွားသည့် သားငယ်အား သနားကြင်နာစွာကြည့်နေသည်။‌ဘုရင်မင်းမြတ်၏ရှေ့တွင် ပညာရှိသုခမိန်အမတ်များ ဇာတာဖတ်ပုဏ္ဏားများရှိသည်။ဘုရင်မင်းမြတ်က အမတ်များကို‌အခစားဝင်စေကာ သားငယ်လေးရဲ့ဇာတာတော်ကိုတွက်စေသည်။

ဇာတာဖတ်ပုဏ္ဏားများက မင်းသားငယ်ကိုကြည့်ကာ ဇာတာတွက်ချက်ကြ၏။ဇာတာဖတ်ပုဏ္ဏားများအနက်မှ လက္ခဏာ ဗေဒင်ပညာနှင့်ပတ်သက်၍ အကျွမ်းကျင်ဆုံးဖြစ်သည့် ပုဏ္ဏားကြီးသည် မင်းသားငယ်၏ဇာတာကိုကြည့်ကာ နဖူးတွင်ချွေးသီးချွေးပေါက်များ တွဲခိုလာသည်။အသက်ကြီးရင့်ပြီဖြစ်သည့် ပုဏ္ဏားကြီးရဲ့မျက်နှာက အံ့ဩတုန်လှုပ်မှုများထင်ဟပ်နေသည်။မင်းသားငယ်လေးရဲ့ လက္ခဏာတော်တွင် ဘုန်းတန်ခိုးများ အာဏာလွှမ်းမိုးမှုများဖြင့် ထွန်းတောက်နေသည်။သို့သော်.....။

"အရှင်မင်းမြတ် အရှင့်သားဟာ ဝေဠုဒီပေါတိုင်းပြည်ကို သူရိယနိုင်ငံတော်လက်အောက်မှ လွတ်မြောက်အောင် စွမ်းနိုင်ပြီး ခုနစ်ပြည်ထောင်တိုင်းပြည်လုံးကို ပေါင်းစည်းနိုင်ပါလိမ့်မယ်"

ဝေဠုဒီပေါဘုရင် ကျေနပ်အားရမှုနှင့်အတူ ပြုံးလိုက်သည်။ဝေဠုဒီပေါတိုင်းပြည်သည် သူရိယတိုင်းပြည်ကို လက်အောက်ခံတိုင်းပြည်အနေဖြင့်နှစ်တိုင်းပဏ္ဏာဆက်ခဲ့ရသည်မှာ နှစ်ပေါင်းငါးရာမကတော့။သူရိယတိုင်းပြည်သည် ခုနစ်ပြည်ထောင်တိုင်းပြည်တစ်ခွင်ကို လက်ဝါးအုပ် အုပ်ချုပ်ခဲ့သည်မှာ မင်းအဆက်ဆက်။ဒီသားတော်လေးသာဆိုလျှင် ဝေဠုဒီပေါတိုင်းပြည်ကို ဘုန်းတန်ခိုးထွားအောင် စွမ်းနိုင်ပါလိမ့်မည်။

"ကောင်းလေစွ ဒါနဲ့များ ပုဏ္ဏားကြီးရဲ့မျက်နှာက မသာမယာပါ့လား"

"သို့ပေမယ့် ခုနစ်ပြည်ထောင်ပေါင်းစည်းဖို့ရာ စစ်ပွဲအလီလီဆင်နွှဲရမှာပါ အရှင့်သားဟာ စစ်ကိုဆောင်ကြဉ်းပါလိမ့်မယ်"

ဘုရင်မင်းမြတ် ပုဏ္ဏားကြီးစကားကိုကြားပြီး ရင်ထဲဂုဏ်ယူဝံ့ကြွားမိသည်။ဝေဠုဒီပေါတိုင်းပြည်ဟာ  စစ်တန်ခိုးမကြီးမားခဲ့တာ ဘယ်လောက်ကြာပြီလဲ။နှစ်ကာလရှည်ကြာစွာ လက်အောက်ခံနိုင်ငံဖြစ်ခဲ့ရပြီး ဝေဠုဒီပေါသားတွေဟာ စစ်သွေးမကြွခဲ့တာ အချိန်ကြာမြင့်ခဲ့လေပြီ။

အချစ်နှင့်ကိန္နရာ( Completed)Where stories live. Discover now