Part 21

3.6K 383 11
                                    

လပြည့်ရန် နှစ်ရက်အလို။

သုနဒီမြစ်ဘေးတွင် လေးကြီးများကို တည်ဆောက်နေဆဲ။ဝေဠုဒီပေါစစ်သည်များ ‌နေ့မအိပ်ညမအိပ် ကြိုးစားကြသောကြောင့် လေးကြီး သုံးခုပြီးစီးခဲ့လေပြီ။တပ်မင်းသက္ကက သားရေကားချပ်ကို ကိုင်ကာ လေးကြီးများဘေးတွင် ကိုယ်တိုင်စီမံခန့်ခွဲနေသည်။

ဝေဠုဒီပေါစစ်သည်များ သမင်ကြီးများကို ထိန်းသိမ်း၍မရသောကြောင့် မိဂေါနဒီစစ်သည်များသာ သမင်ကြီးများနှင့်ကြိုးဆွဲရန် တာဝန်ပေးခံလိုက်ရသည်။

သင်္ခယာ  သမင်ကြီးများကို လေးကြီးများဘေးတွင် ထိန်းသိမ်းထားရန် သစ်လုံးများဖြင့် ခြံခတ်‌နေသည်။သင်္ခယာ့ နဖူးတွင် ချွေးစက်တို့တွဲခိုနေပြီး သစ်လုံးများကို ကြိုးများဖြင့် တုပ်နှောင်နေရသောကြောင့် သင်္ခယာ့လက်ဖြူဖြူလေးများက သွေးစို့နေသည်။

ဒီပိ သင်္ခယာ့လက်ကို ဆတ်ခနဲ ဆွဲယူကြည့်သည်။ဒီပိ မျက်မှောင်ကြုံ့သွားသည်။ဒီပိ မျက်လုံးများက မှိုင်းညှို့နေပြီး အနည်းငယ်ဒေါသထွက်နေသယောင်။သင်္ခယာ လန့်သွားသည်။

"ဘာဖြစ်လို့လဲ ရောင်းရင်း"

"ကြိုးတွေက ကျုပ်ချည်လိုက်ပါ့မယ် အရှင့်မင်းသားက ဒီရက်တွေမှာ မနားရသေးဘူးမလား သွားနားလိုက်ပါဦး"

သင်္ခယာ ဒီပိလက်ထဲမှ သူ့လက်ကို ပြန်ဆွဲယူသည်။သို့သော် ဒီပိက မလွှတ်။သင်္ခယာ မျက်တောင်လေးများ ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ဒီပိကို ကြည့်လိုက်သည်။ဒီပိ နားရွက်များက ချက်ချင်းနီရဲသွားသည်။

"အရှင့်မင်းသား လက်တွေက ပေါက်ပြဲနေတယ် ကျုပ် ဆေးထည့်ပေးမယ်"

"ဟ ဟ"

သင်္ခယာ ရယ်မောလိုက်သည်။ဒီပိက သင်္ခယာကို ငေးကြည့်နေ၏။

"ဘာလို့ ရယ်တာလဲ"

"မဟုတ်ပါဘူး ကျွန်တော်က မကြာခင် စစ်တိုက်ရမှာပဲကို ရောင်းရင်းက လက်လေးပေါက်ပြဲတာ ဆေးထည့်ပေးမယ်ဆိုတော့ ရယ်ချင်သွားလို့ပါ"

သင်္ခယာ့လက်ကို ဆုပ်ကိုင်ထားသည့် ဒီပိလက်များ တင်းကြပ်သွားသည်။ဒီပိ သင်္ခယာ့ကို ဆွဲခေါ်ပြီး တဲနန်းအတွင်း ဝင်ကာ သလွန်ပေါ်ထိုင်လိုက်သည်။

အချစ်နှင့်ကိန္နရာ( Completed)Where stories live. Discover now