Part 17

4K 400 9
                                    

မျက်နှာဖုံးတပ်ရန်သူက လှံတံကိုကိုင်၍ ယုဒ္ဓဓနု ထံတစ်ဟုန်ထိုးဝင်လာသည်။ယုဒ္ဓဓနု မြင်းဇက်ကြိုးပေါ်မှ လက်များတင်းကြပ်သွားသည်။ရွှေရောင်တောင်ပံများအောက်တွင် ယုဒ္ဓဓနု မျက်လုံးများ ကျိန်းစပ်သွား၏။

ရန်သူ့လှံသွားက ယုဒ္ဓဓနု လည်မျိုကို စိုက်ဝင်တော့မည်။ယုဒ္ဓဓနု အသက်အောင့်လိုက်မိသည်။ရုတ်တရက် လှံသွားက ဦးတည်ချက်ပြောင်းသွားကာ သိင်္ခ လည်မျိုကို ထိုးစိုက်လိုက်သည်။ သိင်္ခလည်မှ သွေးများပန်းထွက်လာပြီး ယုဒ္ဓဓနု မျက်နှာနှင့်ခန္ဓာကိုယ်တွင် သွေးများဖြင့်စိုရွှဲသွားသည်။

ရန်သူ့မျက်လုံးများက နေပျောက်ကျသည့် လှံသွားလို လက်ခနဲ တစ်ချက်လင်းလက်သွားသည်ကို ယုဒ္ဓဓနု တွေ့လိုက်ရသည်။ရန်သူသည် ယုဒ္ဓဓနုကို ချမ်းသာပေးလိုက်သည်။ယုဒ္ဓဓနု တစ်ကိုယ်လုံးတုန်ယင်သွားသည်။

သိင်္ခ လဲကျသွားကာ ယုဒ္ဓဓနု မြင်းပေါ်မှကျသည်။သိင်္ခက ယုဒ္ဓဓနု ကိုယ်ပေါ်ပိနေသည်။ယုဒ္ဓဓနု အစွမ်းကုန် အော်ဟစ်လိုက်သည်။

"ပြည်သူတို့ ပြေးကြ ပြေးတော့"

ရန်သူက တောင်ပံကို တဖျတ်ဖျတ်ခတ်ကာ ယုဒ္ဓဓနု ရှေ့တွင် ရပ်နေသည်။မျက်နှာဖုံး အောက်မှရန်သူ့မျက်လုံးများက ထူးဆန်းနေသည်။ရန်သူတစ်ယောက်က ရန်သူတစ်ယောက်ကို ကြည့်သည့်အကြည့်မျိုး မဟုတ်။

လျှပ်စီးလက်သလို အရှိန်ဖြင့် သုမဏိရှင့် ရန်သူ့ထံ ပြေးဝင်သည်။ရန်သူက အဝေးကို လွှင့်ထွက်သွားပြီး သစ်ပင်တစ်ပင်နှင့် ရိုက်မိသည်။ရန်သူက သွေးတစ်ပွက်ခန့် အန်ထွက်လာသည်။

သုမဏိရှင် ယုဒ္ဓဓနာကို စိုးရိမ်ကြီးစွာကြည့်သည်။ယုဒ္ဓဓနု ခေါင်းကို အလျင်အမြန်ယမ်းသည်။

"အသင် ငါ ဘာမှမဖြစ်ဘူး ဒါ သိင်္ခရဲ့သွေးတွေ"

သုမဏိရှင် မျက်လုံးများက ‌ဒေါသကြောင့် နီရဲတောက်လောင်သွားသည်။

ရန်သူ့လှံသွားက အရှင့် လည်မျိုထံစိုက်ဝင်တော့မည့် မြင်ကွင်းက သုမဏိရှင် မျက်လုံးမှ မထွက်။အရှင့်ကို ဆုံးရှုံးရန် နည်းနည်းလေးသာလိုတော့သည်။

အချစ်နှင့်ကိန္နရာ( Completed)Where stories live. Discover now