CHAPTER 1 (zawgyi)

261 10 0
                                    

မိုးထဲ လေထဲမှာဦးဇော် တစ်ယောက် ခြံစည်းရိုး အမြင့်ကြီး ကာထားသည့် ခြံ အကြီးကြီးရှေ့သို့ ကားကလေး "ကျွီ" ကနဲ မြည်အောင် ရပ်လိုက်သည်

ပြီးမှ ဟွန်းကို ခပ်ကျယ်ကျယ် တီးလိုက်သည်

တီ တီ တီ

ကား လေကာမှန်မှ ဖြတ်ပြီး မြင်ရတဲ့ ရွှေရောင်
ဖြင့် ခမ်းနားစွာ ရေးထားသည့် ဆိုင်းပုဒ်မှ စာကို Zan တိုးတိုးလေး ရွတ်လိုက်သည်

"နှင်းဆီရိပ်မွန်"

၂မိနစ်လောက် ကြာသည်ထိ အိမ်ထဲမှာ လူအရိပ်အယောင်လုံးဝ မတွေ့ရသဖြင့် ဦးဇော်မှာ နောက်ထပ် ဟွန်းအရှည်ကြီး ၂ချက် ထပ်တီးလိုက်ပြန်သည်

တီ တီ တီ...

ကောင်းကင်တစ်ခုလုံး အုံ့မှိုင်းနေပြီး မိုးကသည်းထန်စွာရွာသွန်းနေလေတော့ ခြံဝမှ ဟွန်းသံကို အိမ်ထဲမှ မကြားရလောက်ပေ

ထိုအချိန်တွင် လျှပ်စီးတွေကလည်း ကောင်းကင်မှာ တဝင်းဝင်း

Zan အတွက် တော့ ယခုအချိန်မှာ ဘယ်အရာမှ ကြောက်စရာကောင်းမနေခဲ့

Zan ဘဝမှာ သန်းခေါင်းထက် ညည့်မနက်နိုင်တော့

"ဟာ ဆရာပြန်ရောက်နေတာလား မမ‌နှင်းဆီ တော်တော်လေး စိတ်ပူနေတယ် ဆက်သွယ်လို့လည်းမရတော့လေ"

ခြံထဲမှ ထွက်လာသည့် အသားညိုညို ထောင်ထောင်မောင်းမောင်း ဦးလေးကြီးက ဦးဇော်ကို မိုးထဲ လေထဲမှ အော်ပြီး စကားတွေပြောနေခြင်းဖြစ်သည်

"ကဲ ကိုကျော်မြင့် တံခါး အရင်ဖွင့်ဗျာ"

ထိုမှပင် ပြုံးပြုံးနဲ့ မိုးကာကြီးခြုံပြီး တံခါးသွားဖွင့်တော့သည်

ခြံထဲရောက်သည်နှင့် ‌လမ်း‌ဘေးဘယ်ညာကို Zan လှည့်ပတ်ကြည့်ရင်း အကဲခတ်နေလိုက်သည်

နှင်းဆီရိပ်မွန် ဆိုပြီး နှင်းဆီပင်နဲ့ တူတာဆိုလို့ တစ်ပင်လေးတောင်မရှိ

Zan တဘဝလုံး နေရတော့မယ့် နေရာမို့ ရင်းနှီးမှုရှိအောင် ကြည့်ထားလိုက်သည်

ကျယ်လိုက်တဲ့ ခြံကြီးဆိုတာ ခြံဝမှ အိမ်မကြီးသို့ အနည်းငယ်မောင်းရသေးသည်

All about loveWhere stories live. Discover now