CHAPTER 22 (unicode)

208 27 2
                                    

"H.e.l.l.o"

အိပ်ချင်းမူးတူး လေသံဖြင့် ထူးနေသည့် မြတ်ကို သော်ကဂရုမစိုက်အား

"Zan နင့်ဆီမှာလားမြတ်"

အခန်းတစ်ခုလုံးလှည့်ပတ် မျက်စိကစားလိုက်ပေမယ့် Zan နဲ့တူတာဆိုလို့ တစ်စုံတစ်ယောက်မှ ရှိမနေ

"Zan ပျောက်နေတယ် မြတ်"

"ဘာ ဘယ်လို" 

မြတ် အိပ်ယာပေါ်မှ ဝုန်းခနဲ ထထိုင်မိလိုက်သည်

နောက်တစ်ကြိမ် Zan. ကိုအခန်းထဲ ဝေ့ဝှိုက်ရှာကြည့်ပေမယ့် မထူးခြားနား

Zanဆိုသည်မှာ စိတ်ညစ်စရာ တစ်စုံတစ်ခုရှိလာရင် မြတ်ဆီပဲ လာအိပ်နေကြပါ

တခြားနေရာတော့ မသွားတတ်သည့်သူမျိုးပါ

ဒီတခေါက်ဘယ်လိုဖြစ်တာပါလိမ့်

"မနေ့ညက နင်မှောက်သွားလို့ မသိလိုက်တာ  ကို ဇနဲ့ သူချိန်းထားတယ် ဒဲ့ရှင်းမယ်ဆိုပြီး "

ဘုရား ဘုရား မဟုတ်မှလွဲရော

"သော်က! ဟဲ့ သော်က ကိုဇ ငါတို့ သူငယ်ချင်း Zan.ကိုတစ်ခုခုလုပ်လိုက်ပြီလား မသိဘူး

ငါဆိုလိုတာကလေ ဟို..လက်စဖျောက်လိုက်ပြီလား မသိဘူးလို့"

"ဟူး....အရေးထဲမြတ်ရာ နင်အမှုခင်းဝတ္ထုတွေသိပ်မဖတ်ပါနဲ့လား"

"နင်ကလည်း ငါကဖြစ်နိုင်ချေကိုပြောတာလေ

ဒါနဲ့ နင်ဘယ်လိုသိတာလဲ မမအလင်းရောင်ဖုန်းဆက်တာလား"

"မမ အလင်းရောင်က ငါ့ဖုန်းဘယ်သိမလဲ မဇဝါ အခန်းထဲထိလာရှာလို့"

"ဗု‌ဒ္ဓေါ ဒီနေ့က ဘယ်နှရက်လဲ ကျောင်းဖွင့်တာလား ဟာ... သွားပါပြီ"

ဖုန်း screen ကို အမြန်ကြည့်လိုက်တော့ screen ပေါ်က Monday ဆိုတဲ့ စာသားလေးက မြတ်ကိုပဲ လှောင်ပြောင်နေသလိုလို

ဒါဆို သေပြီပေါ့ tutorial, shit!

"အခုမှ! နင့်ကိုဆက်နေတာ အကြိမ်တစ်ရာလောက်ရှိပြီ သေကောင်းနေတာကိုး"

"အား ကျွတ်ကျွတ် ငါ့ခေါင်းတွေလည်း ပြုတ်ပြတ်ထွက်တော့မလားပဲ သော်ကရယ်

All about loveDonde viven las historias. Descúbrelo ahora