CHAPTER 11 (unicode)

681 62 19
                                    

ရာသီဥတု သာသာယာယာနဲ့ လှပလှပါသည်ဆိုသည့် ကမ္ဘာကျော် ကမ်းခြေကြီးကို ကြည့်ပြီး အမှန်က ဇတို့ ပျော်နေရမှာ

ဒါပေမယ့် ရင်ထဲမှာ မဖော်ပြနိုင်တဲ့ ကိုယ်စီ ဒဏ်ရာအချို့ဖြင့်

ဇ အထင်  Wedding Reception ပြီးနောက်တနေ့ကစပြီး အလင်းရောင်ကြည့်ရတာ စိတ်နဲ့လူနဲ့ မကပ် တစ်ခုခုကိုပဲ ဝမ်းနည်းနေသလိုလို

ဘာမှန်းတော့ ဇ လည်းမသိ မေးလည်းမေးချင်တယ် မေးလည်း မမေးရဲပြန်

ခုလည်း honeymoon သာထွက်လာရတယ် လမ်းခရီးတလျောက်အလင်းရောင်ဘက်က တစိမ်းတစ်ယောက်လို ဇ ကို ဆက်ဆံနေသည်မှာ တော်တော်ကြာနေပြီ

ခုမှ ပူပူနွေးနွေးလက်ထပ်ထားသည့် သတို့သားဆိုတာ ကိုယ့်ကိုကိုယ် မေ့သွားလောက်အောင် အလင်းရောင်နဲ့ ဇတို့ဆက်ဆံရေးတွေ မူမမှန်ချင်

ဟူး.....

လေပူတစ်ချက် မှုတ်ထုတ်လိုက်ပြီး အလင်းရောင်ကို လှမ်းကြည့်လိုက်တော့ တလောကလုံး သူတစ်‌ယောက်ထဲလိုလို

ဇ သူ့ဘေးမှာ ရှိ‌နေဆိုတာကိုတောင် စိတ်ထဲရှိပုံမပေါ်

ဘာတွေဖြစ်နေတာလဲ? အလင်းရယ်

ဒီတိုင်းနေလည်း ထူးလာမှာမဟုတ်၍ အလင်းရောင်ကို ပွင့်ပွင့်လင်းလင်း မေးကြည့်ဖို့ Za ကြိုးစားလိုက်သည်

"အလင်း"

"           "

တေမိမင်းသမီးများ မှားခေါ်လာခဲ့မိသလား?

ဘာမှ response မရှိဘဲ ဟိုးအဝေးကိုသာ ငေးမြဲငေးနေလေသည်

ဇ စိတ်ကို အရှည်ဆုံးဆွဲဆန့်လိုက်ကာ လေပြေလေးဖြင့်

"အလင်း! ဘာတွေများ ဒီလောက်တွေးနေတာလဲ အလင်းရဲ့"

"ဟင်?

အင်း...ပြောလေ ဇ"

"ဇ?"

ဇ ရင်ထဲ အန္တရာယ်ဆိုတဲ့ အသိပေး ခေါင်းလောင်းသံတွေ ဆူညံ့လာသည်

ဧကန္တ ဟိုကိစ္စ သူ...သူ...သူသိသွားတာများလား

မဖြစ်နိုင်ဘူးထင်ပါတယ် ဟာကွက်မရှိအောင် သေချာပြင်ဆင်ထားတာကို

All about loveTempat cerita menjadi hidup. Temukan sekarang