အလင်းရောင်တို့ တစ တစရင်းနှီးလာကြသည် ညတိုင်း ပုံမှန် chat ဖြစ်သလို အပတ်တိုင်း သူ့ဆီက သူ့လက်ရေးမူလေးနဲ့ နှင်းဆီပန်းအဝါလေးတွေလည်း ပုံမှန်ရတတ်သေးသည်အလင်းရောင်း Z မည်သူမည်ဝါဆိုတာ ကြိုးစား စုံစမ်းကြည့်ပါသေးသည် တစ်ဦးတည်းသော သူငယ်ချင်လေး "ဇဝါ" ကိုလည်း အကျိုးအကြောင်းပြောပြပြီး အကူညီတောင်းခဲ့ပေမယ့် Zက သိပ်လည်ပါသည် သူကိုယ်တိုင် ကားမှာ စာလာမကပ်တော့ဘဲ တခါတရံ ကလေးတစ်ယောက်မုန့်ဖိုးပေးကပ်ခိုင်းတာမျိုး ကျောင်းစာတိုက်ကနေ ပို့တာမျိုး အလင်းရောင်မရောက်ခင် ကျောင်းခန်းထဲ အလင်းရောင်ထိုင်တဲ့ ခုံပေါ် ကြိုတင်ပေးထားတာမျိုးတွေနဲ့ အကွက်ဆန်းဆန်းတွေ ထွင်လာပါတော့သည်
ညဘက် စကားပြောတိုင်း သူ့အကြာင်း မစုံစမ်းဖို့လည်း ခဏခဏ သတိပေးတတ်ပြန်ပါသည်
"ကျေးဇူးပြု၍ ကျွန်တော့်အကြောင်း မသိချင်ပါနဲ့လား အလင်း ဘာလို့ ဒီလောက်စုံစမ်းနေရတာလဲဟင်"
(ကျွန်မ ရှင့်ကို ချစ်လို့ပေါ့ Z ရယ်) စိတ်ထဲက မဆိုင်းမတွ ဖြေမိလိုက်သည်
အပြင်မှာတော့
"ကိုယ်နဲ့ ရင်းနှီးနေတဲ့ သူတစ်ယောက် အကြောင်း ကျွန်မသိသင့်တာပေါ့ မဟုတ်ဘူးလား"
"ရင်းနှီးတယ်? ကျွန်တော်တို့ တကယ်ရင်းနှီးနေပြီလား"
"ဒါပေါ့ ခုဆို Z အကြောင်းတော်တော်များများ ကျွန်မကိုပြောပြထားတယ်မလား Z ကို ငယ်ငယ်လေးကတည်းက မွေးစားထားတယ်ဆိုတာလေ ပြီးတော့ အကုန်လုံးက ဝိုင်းချစ်ကြတယ်ဆိုတာရော
ဒါနဲ့ နေပါဦး ကျွန်မကိုပြောတာတွေက အမှန်တရားတွေတော့ ဟုတ်ပါတယ်နော်"
အလင်းရောင် ခုမှစဉ်းစားမိတယ် သူများ ညာပြောနေတာလားပေါ့ စာရေးဆရာဆိုတွေ ဇာတ်လမ်းကုန်ကြမ်းတွေဆိုတာ ပေါမှပေါပဲလေ
"ဟားဟားဟား အမှန်တွေပေါ့ ကျွန်တော့်ဘဝမှာ ကျွန်တော် မလိမ်ချင်ဆုံးသူတစ်ယောက်က အလင်းပဲ"
"ဘာလို့လဲ" အလင်းရောင် သိလျက်နဲ့ တမင်လမ်းဖွင့်ပေးလိုက်သည်
တကယ်တော့ သူ့ဆီက ချစ်တယ်ဆိုတဲ့ စကားကို အလင်းရောင်ကြားချင်နေမိတာပါ
YOU ARE READING
All about love
Romance528 နဲ့ 1500 လွန်ဆွဲပွဲမှာ ဘာကိုမှ မငဲ့ကွက်ဘဲ စိတ်ထဲ ရှိတဲ့အတိုင်း တုံ့ပြန်ခွင့်ရရင် ကျွန်တော်ကတော့ အလင်း ကိုပဲ ရွေးမိမလားပဲ Z