ရာသီဥတု သာသာယာယာနဲ့ လှပလှပါသည်ဆိုသည့် ကမ္ဘာကျော် ကမ်းခြေကြီးကို ကြည့်ပြီး အမှန်က Zaတို့ ပျော်နေရမှာ
ဒါပေမယ့် ရင်ထဲမှာ မဖော်ပြနိုင်တဲ့ ကိုယ်စီ ဒဏ်ရာအချို့ဖြင့်
Za အထင် Wedding Reception ပြီးနောက်တနေ့ကစပြီး အလင်းရောင်ကြည့်ရတာ စိတ်နဲ့လူနဲ့ မကပ် တစ်ခုခုကိုပဲ ဝမ်းနည်းနေသလိုလို
ဘာမှန်းတော့ Za လည်းမသိ မေးလည်းမေးချင်တယ် မေးလည်း မမေးရဲပြန်
ခုလည်း honeymoon သာထွက်လာရတယ် လမ်းခရီးတလျောက်အလင်းရောင်ဘက်က တစိမ်းတစ်ယောက်လို Za ကို ဆက်ဆံနေသည်မှာ တော်တော်ကြာနေပြီ
ခုမှ ပူပူနွေးနွေးလက်ထပ်ထားသည့် သတို့သားဆိုတာ ကိုယ့်ကိုကိုယ် မေ့သွားလောက်အောင် အလင်းရောင်နဲ့ Zaတို့ဆက်ဆံရေးတွေ မူမမှန်ချင်
ဟူး.....
လေပူတစ်ချက် မှုတ်ထုတ်လိုက်ပြီး အလင်းရောင်ကို လှမ်းကြည့်လိုက်တော့ တလောကလုံး သူတစ်ယောက်ထဲလိုလို
Za သူ့ဘေးမှာ ရှိနေဆိုတာကိုတောင် စိတ်ထဲရှိပုံမပေါ်
ဘာတွေဖြစ်နေတာလဲ? အလင်းရယ်
ဒီတိုင်းနေလည်း ထူးလာမှာမဟုတ်၍ အလင်းရောင်ကို ပွင့်ပွင့်လင်းလင်း မေးကြည့်ဖို့ Za ကြိုးစားလိုက်သည်
"အလင်း"
" "
တေမိမင်းသမီးများ မှားခေါ်လာခဲ့မိသလား?
ဘာမှ response မရှိဘဲ ဟိုးအဝေးကိုသာ ငေးမြဲငေးနေလေသည်
Za စိတ်ကို အရှည်ဆုံးဆွဲဆန့်လိုက်ကာ လေပြေလေးဖြင့်
"အလင်း! ဘာတွေများ ဒီလောက်တွေးနေတာလဲ အလင်းရဲ့"
"ဪ... ပြောလေ Za"
"Za?"
Za ရင်ထဲ အန္တရာယ်ဆိုတဲ့ အသိပေး ခေါင်းလောင်းသံတွေ ဆူညံ့လာသည်
ဧကန္တ ဟိုကိစ္စ သူ...သူ...သူသိသွားတာများလား
မဖြစ်နိုင်ဘူးထင်ပါတယ် ဟာကွက်မရှိအောင် သေချာပြင်ဆင်ထားတာကို
ဘယ်လိုပဲ ကိုယ့်ဘာသာ အားတင်းထား အားတင်းထား ကြောက်စိတ်ကြောင့် Za ရင်ထဲ တလှပ်လှပ်ဖြစ်လာသည်
STAI LEGGENDO
All about love
Storie d'amore528 နဲ့ 1500 လွန်ဆွဲပွဲမှာ ဘာကိုမှ မငဲ့ကွက်ဘဲ စိတ်ထဲ ရှိတဲ့အတိုင်း တုံ့ပြန်ခွင့်ရရင် ကျွန်တော်ကတော့ အလင်း ကိုပဲ ရွေးမိမလားပဲ Z