"ကျွန်တော် အလင်းနဲ့တွေ့ဖို့ဆုံးဖြတ်လိုက်ပြီ အလင်း
မနက်ဖြန် Coffee Circle မှာ ညနေ၄နာရီလောက်တွေ့ကြရအောင်လေ"
Z ဆီက message လေးကို အလင်းရောင်ဖတ်နေတာ ခုတစ်ကြိမ်နဲ့ဆို ဘယ်နှကြိမ်မြောက်မှန်းမသိ
ရင်တွေခုန်လိုက်တာဆိုတာလည်း စကားလုံးနဲ့တောင်ဖော်မပြနိုင်လောက်အောင်ပင်
တွေ့မယ့်တွေ့တော့လည်း ၂ပတ်ပြည့်အောင်တောင် မစောင့်တော့ပါလား Zရယ်
ကြည်နူးရလွန်းလို့ တစ်ယောက်ထဲ အရူးလို စကားတွေပြောနေမိသည်
ပြီးမှ သတိရသွားကာ ဇဝါကို မနက်ဖန် Z နဲ့တွေ့မယ်ဆိုတဲ့အကြောင်း ချက်ချင်းလှမ်းကြွားလိုက်ရသေးသည်
ဇဝါကတော့ "ဒီတခါတော့ စိတ်လွတ်ပြီး လက်ထပ်ခွင့် တခါထဲ မတောင်းခဲ့နဲ့နော်" ဆိုပြီးတောင် အလင်းရောင်ကို စနောက်နေသေးသည်
စိတ်လှုပ်ရှားမှုအပေါင်းဖြင့် မနက်ဖန်ဝတ်ရမယ့် အဝတ်ကိုတောင် ညည့်နက်သည်ထိ စိတ်တိုင်းမကျ
ဗီဒိုတစ်ခုလုံးက အဝတ်တွေလည်း အိပ်ယာပေါ်တွင် ပြန့်ကျဲနေ၏
ဘယ်သူမဆို ကိုယ်ချစ်ရတဲ့သူရှေ့တော့ လှချင်တာ ဓမ္မာတာပဲ မဟုတ်လား
"ဟူး....အလင်းရောင် အလင်းရောင် Z နဲ့ပတ်သတ်ရင် နင့်တည်ငြိမ်မှုတွေ ဘယ်ရောက်ကုန်တာလဲ"
ကိုယ့်ကိုကိုယ် ဘယ်လောက်ပဲအားပေးအားပေး
အိပ်ယာပေါ်မှာ ဟိုဘက်လှိမ့်လိုက်
ဒီဘက်လှိမ့်လိုက်ဖြင့် တော်တော်နဲ့အိပ်မရခဲ့ဒီနေ့ရဲ့ ညတာဟာ သူများ တွေအတွက်တော့ မသိ အလင်းရောင်အတွက် ရှည်လွန်းလှပါသည်
***************************************
Coffee Circle ရောက်တော့ ကြိုရောက်နေသည့် Z က လက်လှမ်းပြရင်းနှုတ်ခမ်းလှုပ်ရုံလေး
"အလင်း"
Z ကိုပြုံးပြလိုက်ပြီး သူထိုင်နေသည့် ထိုင်ခုံဆီ ဦးတည်သွားရင်း ချစ်မြတ်နိုးခြင်းအပြည့်နဲ့ စိတ်ထဲကနေ တိုးတိုးလေးခေါ်လိုက်မိသည်
"Z"
ဟုတ်ပါတယ်
အလင်းရောင်ရဲ့ စာရေးဆရာလေး Z
DU LIEST GERADE
All about love
Romantik528 နဲ့ 1500 လွန်ဆွဲပွဲမှာ ဘာကိုမှ မငဲ့ကွက်ဘဲ စိတ်ထဲ ရှိတဲ့အတိုင်း တုံ့ပြန်ခွင့်ရရင် ကျွန်တော်ကတော့ အလင်း ကိုပဲ ရွေးမိမလားပဲ Z