Zan အတည်ငြိမ်ဆုံး အသွင်ယူပြီး ခပ်တည်တည်ပင်
"အမ တစ်ယောက်လို ချစ်တယ်လို့ပြောတာ"မယုံကြည်ခြင်းများစွာဖြင့် အလင်းရောင်မျက်ဝန်းလေးတွေ ဝိုင်းစက်သွားတော့သည်
"အမ တစ်ယောက်လို?"
Zan အေးအေးဆေးဆေးပင် ခေါင်းညိမ့်ပြဖြစ်၏
"ဘာလို့ အမတစ်ယောက်လိုလဲ"
ထားချင်တိုင်းထားခဲ့ပြီး ကာမပိုင်ယောကျာ်းတစ်ယောက်လုံးရှိမှ Zan.ကိုလာဆွဲဆောင်နေသည့် အလင်းရောင်ကို Zan ဒေါသတကြီး
"မ အနေအထိုင်ဆင်ခြင်ပါ Zan.မှာ ချစ်သူရှိတယ်"
"ဘာ! ဘယ်လို"
အလင်းရောင်ခင်ဗျာ မယုံကြည်ခြင်းများစွာဖြင့်
ပြန်တောင်မေးရတဲ့အထိ"ဟုတ်တယ် Zan.မှာချစ်ရတဲ့သူရှိတယ်"
"မဖြစ်နိုင်တာ ဒါဆို ဘာလို့ မ ကိုနမ်းသေးလဲ"
"ဘယ်မှာ နမ်းလို့လဲ ဘယ်တုန်းကလဲ"
ဂျပိုးကို လိပ်ဖြစ်အောင်ငြင်းနေသည့် Zan. ကို အလင်းရောင် တကယ်အသဲယားလာသည်
"ခုနကလေ မ လည်ပင်းကို နမ်းပြီး ချစ်တယ် မ ဆို"
ဒီလောက် ဒဲ့ကြီးမေးမယ်လို့ မမျှောင်လင့်ထားမိတော့ Zanလည်း အရူးသိုင်းကွက်နင်းလိုက်ရတော့၏
"မ ဝမ်းနည်းနေလို့ အားပေးတဲ့သဘောနဲ့ အမ တစ်ယောက်လို ချစ်တယ်ပြောတာ"
"ဒါဆို နမ်းတာကရော"
"ဘယ်မှာနမ်းလို့လဲ မနမ်းပါဘူး"
"ဗြောင်....လိမ်....နေ...တာ"
လေသံမာမာဖြင့် တစ်လုံးချင်းစီ ပြောလိုက်ပေမယ့် ဝမ်းနည်းမှုကြောင့် အလင်းရောင်အသံလေး အဖျားပိုင်းတွင် ခါသွားသည်
"မတော်တဆ နမ်းမိခဲ့တယ်ဆိုရင်တောင်"
ဆက်မပြောသေးဘဲ အလင်းရောင်ကို တစ်ချက်အကဲခတ်လိုက်တော့
မမှိတ်မသုန် Zan.ကိုစိုက်ကြည့်နေသည်
အကြည့်တွေက ကျောချမ်းစရာ
"အင်း မတော်တဆ နမ်းမိခဲ့တယ်ဆိုရင်တောင်
ညရဲ့ဖျားယောင်းမှုကြောင့် မှားသွားတဲ့ အမှားသေးသေးလေး တစ်ခုပဲ
KAMU SEDANG MEMBACA
All about love
Romansa528 နဲ့ 1500 လွန်ဆွဲပွဲမှာ ဘာကိုမှ မငဲ့ကွက်ဘဲ စိတ်ထဲ ရှိတဲ့အတိုင်း တုံ့ပြန်ခွင့်ရရင် ကျွန်တော်ကတော့ အလင်း ကိုပဲ ရွေးမိမလားပဲ Z