CHAPTER 2 (unicode)

581 58 5
                                    

December လရဲ့ ပထမအပတ် ပထမဆုံးကျောင်း စတက်ရသည့်နေ့ ဆိုတော့ Zan ရင်တွေခုန်နေမိတာတော့ အမှန်ပင်

လက်ပတ်နာရီကို တချက်ကြည့်ရင်း တစ်ယောက်ထဲ ပွစိပွစိ ရေရွတ်လိုက်သည်

"ဟိုကောင်တွေတော့ ရောက်နေလောက်ပြီ ကျစ်"

Zan. သူငယ်ချင်းတွေလည်း Architect လိုက်ယူကြ၍ သူငယ်ချင်းအသစ်တွေတော့ အထွေအထူးပေါင်းစရာမလိုခဲ့

မြတ်,ညီ,သော်က နှင့် Zan တို့ အဖွဲ့က မူလတန်းကတည်းက တတွဲတွဲ တယောက်နဲ့ တယောက် သိပ်ချစ်ကြသည်

ခုဆို သူတို့တွေ Zan.ကို စောင့်နေလောက်ပြီ

"ဦးကျော်မြင့် မြန်မြန်လေး မောင်းပေးပါလား"

"Zan ကလည်း ကားမောင်းကျွမ်းကျင်တယ်ဆိုတာက....."

Zan လက်ကာပြရင်း

"ရပြီ ရပြီ ဖေဖေ့ ဒဿန‌‌တွေပဲ ရွတ်ပြမှာမလား ပုံမှန်အတိုင်းသာ မောင်းပါ"

"ဟားဟား Zan ကလည်း သိရဲ့သားနဲ့ကွယ်"

နောက်ကြည့်မှန်မှ တဆင့် ကွမ်းဂျိုးတွေ ပေါ်အောင် ရယ်ပြနေသည့် ဦးကျော်မြင့်ကို ဘာမှ ဆက်မပြောချင်၍ ငြိမ်နေလိုက်သည်

(တကယ့် လိပ်ဖိုးဖိုး)

ဖေဖေ့ တပည့်မှ Zan သွားပြောမိလေခြင်း

ဟုတ်ပြီ ဟိုကောင်တွေ ဖုန်းဆက်အကြောင်းကြားထားမှ

"ညီ ငါရောက်တော့မယ် အဝမှာ လာစောင့်ပေး ဘယ်နားလာရမှန်းမသိလို့" ညီ့ဆီ ဖုန်းဆက်ထားလိုက်သည်

မိန်းကလေးဖြစ်တဲ့ မြတ်ထက် ညီနဲ့ Zan ပိုတွဲဖြစ်သည်

Zanတို့ကို တူတူအိမ်မှာ ကိုကို guide လုပ်ပေးဖူးတော့ ကိုကိုနဲ့ ညီလည်း အတော့်ကို ရင်းနှီးကြသည်

ညီက Zan ဘာပဲဖြစ်ဖြစ် ရင်ဖွင့်လို့ရတဲ့ သူတစ်ယောက်ပါ

Zan မိန်းကလေးတွေကို စိတ်ဝင်တစားရှိတာကိုလည်း ညီသိထားပေမယ့် ဘာမှ ချိုတယ် ငန်တယ် မပြောခဲ့

ညီ့အကြောင်းတွေးနေတုန်းက ကားလေးက တက္ကသိုလ် အပေါက်ဝသို့ရောက်လာခဲ့သည်

ဦးကျော်မြင့် ကားမောင်းစကေးနဲ့ ဒီအချိန် ရောက်လာတာပဲ ကျေးဇူးတင်ရမလို

All about loveWhere stories live. Discover now