CHAPTER 14 (zawgyi)

77 3 1
                                    

ဇ လည်းကိုယ့်အပြစ်နဲ့ကိုယ်ဆိုတော့ အလင်းရောင် စိတ်တိုင်းကျ ခွင့်ပြုပေးလိုက်ရတော့သည်

Zan ကတော့ အတင်းကို ငြင်းဆန်နေခဲ့သလို မေမေတို့ကလည်း အလင်းရောင်နဲ့ Zan.ကို တစ်အိမ်ထဲတူတူရှိစေချင်ပုံမပေါ်

Zan. ကို အားနာပေမယ့် ကိုကို့ကို ငဲ့ဖို့၊မဖြစ်နိုင်‌ တော့တဲ့ အနေအထားမို့ အလင်းရောင်နဲ့ပတ်သတ်ပြီး ကိုယ့်စိတ်ကိုထိန်းဖို့နဲ့ မိသားစုကြား စိတ်ဝမ်းမကွဲစေချင်ကြောင်း အထပ်ထပ်မှာပြီး ထည့်ပေးလိုက်ရတော့၏

အဲအချိန်မှာ ပြောနေတဲ့မေမေ့မျက်ဝန်းတွေမှာ Zan.ကို တောင်းပန်နေတဲ့အကြည့်တွေပါပါနေတော့ Zan လည်း "စိတ်ချပါ မေမေ" လို့ တစ်ခွန်းထဲသာ ပြောခဲ့ရတော့သည်

Zan လည်း သူတပါး အမျိုးသမီး အထူးသဖြင့် ကိုကို့မိန်းကလေးအပေါ် ပြစ်မှားလိုစိတ်မရှိရိုးအမှန်ပါ

ဒါပေမယ့်....
သူ Zan.အပေါ် ဘာလို့ ဒီလိုမျိုးတွေ လုပ်ရက်ခဲ့တာလဲ

Middle of Darkness မှာတုန်းက Zan ကောင်းကောင်း ခံစားခဲ့မိတာပေါ့ သူ Zan.ကို တကယ်ချစ်နေခဲ့တယ်ဆိုတာလေ

Zan.ကိုချစ်ရဲ့လျက် ဘာလို့ ဒီလမ်းကို သူရွေးချယ်ခဲ့တာလဲ

ကိုကိုနဲ့ရော ဘယ်ကတည်းက သိပြီးချစ်ပြီး ဒီလောက်ထိအမြန်လက်ထပ်ဖို့ထိဖြစ်ခဲ့တာလဲ Zan အရမ်းသိချင်ပါသည်

မင်္ဂလာဆောင်တဲ့ နေ့ကစပြီး ခုချိန်ထိ Zan.ခေါင်းထဲမှာ မေးခွန်းပေါင်းများစွာနဲ့ ရုန်းကန်နေရတာ သူသိမှသိပါလေရဲ့လား

Lift ကနေ luggage လေးဆွဲပြီး တက်လာတဲ့ Zan.နောက်မှ  Zan.ခါးမှ အင်္ကျီလေးကို  တောက်လျောက် ဖွဖွလေးကိုင်ရင်း ပါလာလေသည့်
အလင်းရောင်

အစတုန်းကတော့ ကိုယ့်အတွေးနဲ့ကိုယ်မို့ သတိမထား‌မိပေမယ့် lift ထဲကအထွက် တင်းခနဲ ဖြစ်သွားတဲ့ ကိုယ့်အင်္ကျီကိုယ် မျက်မှောင်ကြုံ့ပြီး ငုံကြည့်လိုက်တော့

"အင်္ကျီကို အဲလောက်ဆွဲမထားနဲ့လေ"

တကယ်တော့ နောက်မှ အတင်းပူးကပ်လိုက်လာသည့် အလင်းရောင်ကြောင့် Zan နေရခက်လာ၍
အသံမာမာဖြင့် ပြောလိုက်ခြင်းသာ

All about loveWhere stories live. Discover now