"မလွန်လွန်းဘူးလား အလင်းရောင် နင်လို အရာရာ ကြိုတင်ပြင်တင်တတ်တဲ့သူက မတော်တဆ ခလုတ်တိုက်ပြီး တွေ့တဲ့သူကို အရူးအမူးဖြစ်နေတာကိုလေ"
"ဟုတ်တယ် ဇဝါ ငါ့ကိုယ်ငါလည်း မကျေနပ်ဘူး"
ဇဝါ အလင်းရောင်ကို စိတ်ပျက်သည့်ပုံဖြင့် သက်ပြင်းအရှည်ကြီးချလိုက်သည်
ဟူး...
"နင့်ကို ကြိုက်နေတဲ့ ရိုက်သတ်မကုန်တဲ့ လူကြီးလူကောင်းတွေ အများမှ အများကြီး နင်ကြိုက်တဲ့သူ ခေါင်းခေါက်ရွေးလို့ရတယ်"
"ဇဝါနော် ငါအဲလို တိုင်ပင်ရင် ဒီလိုတွေ နင်ပြောမယ်ဆိုတာ သိသားပဲ
ငါမလုပ်တတ်တော့လို့ တိုင်ပင်တာကို ဆူပဲဆူနေတော့တာပဲ"မိမိအတွက် မိမိကောင်းဖို့အတွက်ပြောနေမှန်းသိပေမယ့် အလင်းရောင် ခုချိန်မှာ တခြားအကြောင်းအရာတွေ တကယ်မကြားလို
အလင်းရောင် တမင် ဇဝါ့ကို မကျေချမ်းသည့် ရုပ်နဲ့ ဆူပုတ်ပြလိုက်မှ
"ဒါပဲ ကဲ ပြော သူက စာရေးတယ်ဆိုတော့ ဘာစာတွေရေးတာလဲ ငါ့ကိုပေးဖတ်ကြည့် သူ့စိတ်နေစိတ်ထား ကူခန့်မှန်းပေးလို့ရအောင်"
မတတ်နိုင်တော့ပါ ဇဝါ အကူအညီလိုအပ်နေ၍ Z GL တွေရေးတာပါဖွင့်ပြောလိုက်ရတော့သည်
ဇဝါက LGBT ကို လက်မခံနိုင်တဲ့သူတစ်ယောက်ဖြစ်နေမှာကိုတော့ နည်းနည်းတော့ စိတ်ပူမိသား
"ဟို... သူက... GL ဝတ္ထုတွေ ရေးတာ နင်သိအောင် ရှင်းပြရရင် GL ဆိုတာက..."
အလင်းရောင်ကို ဇဝါ လက်ကာပြလိုက်သည်
"ငါလည်း ဖတ်တယ် GL ရော BL ရော"
ဇဝါ့ စကားကြားရတော့ အလင်းရောင် အားတင်သွားသည်
"အဲဒါဆို ကောင်မလေးတစ်ယောက် သို့မဟုတ် tomboy လေးတစ်ယောက် ဖြစ်နေနိုင်တာပဲလေ"
"ငါမသိဘူး ငါတော့ ယောကျာ်းလေးပဲထင်တာပဲ ကျွန်တော်လို့ပြောတယ်"
"နင့်အမေ ကြီးတော်ကြီး ကျွန်တော်လို့ပြောတာနဲ့ ယောကျာ်းလေးလို့ ပြောရမလားဟ ငါ့ကို ပြ ငါဖတ်ကြည့်မယ်"
![](https://img.wattpad.com/cover/312368040-288-k166606.jpg)
YOU ARE READING
All about love
Romance528 နဲ့ 1500 လွန်ဆွဲပွဲမှာ ဘာကိုမှ မငဲ့ကွက်ဘဲ စိတ်ထဲ ရှိတဲ့အတိုင်း တုံ့ပြန်ခွင့်ရရင် ကျွန်တော်ကတော့ အလင်း ကိုပဲ ရွေးမိမလားပဲ Z