"Zan ကျေးဇူးပြုပြီး ငါ့ကို အမြန် ဖုန်းပြန်ဆက်ပေးပါ အရေးကြီးတယ်"
သော်က ဆီမှာ message အပြင် ကျန် message 3,4 စောင်ပါဝင်နေသည် missed call တွေဆိုတာ မနည်းမနောမေမေ့ဆီမှ များသည်
တခြား message တွေကိုတော့ မဖတ်ဖြစ်လိုက်သော်က messageက Zanစိတ်တွေကို ပူပန်စေသည်
အမှန်က Zan.ဖေဖေနဲ့မေမေ ရဲ့ နှစ်ပတ်လည်ပြီးတာနဲ့ ပြန်လာမလို့လုပ်နေတာကို အရေးကြီးသည့်အလုပ်ကိစ္စ တစ်ခုပေါ်လာခဲ့သည်
ဖေဖေ့ ခိုင်းစေချက်အရ ကိုကို့အစား Zan ဖေဖေ့သင်္ဘောတစ်စီးဖြင့် ဗန်းမော်ထိ မဖြစ်မနေလိုက်သွားခဲ့ရသည်
အဓိကပြဿနာကတော့ သင်္ဘောသားတွေ ဒီဇယ်တွေ ခိုးထုတ်နေတဲ့ကိစ္စကို စုံစမ်းဖော်ထုတ်ပေးရန်ဖြစ်သည်
ပုံမှန်ဆို ဖေဖေ သို့ ကိုကိုလိုက်ရှင်းနေကြပေမယ့် ဒီတခါတော့ Zan.ကို ထည့်လွှတ်လိုက်သည်
သင်္ဘောတစ်စီးမှာ ထမင်းချက်ပေးသည့် အမျိုးသမီး ၅ယောက် တစ်ဖွဲ့ပါရှိနေတတ်သည့် အတွက် Zan.အတွက်လည်း အဖော် ကောင်းကောင်း ရနိုင်၍ ဖေဖေမှ စိတ်ချလက်ချထည့်လိုက်ခြင်းဖြစ်သည်
လမ်းခရီး တလျောက် ပျင်းစရာကောင်းလိုက်တာဆိုတာ ပြောဖွယ်မရှိ ဘယ်ကြည့်ကြည့် ရေပြင်နဲ့ တောင်တွေသာ
ဒီ့အပြင် ဖုန်းကပါ မိတချက် မမိတချက်ဆိုတော့ တနေ့တနေ့ ဘာလုပ်ရမှန်းကို မသိ
တကယ်ပါ အစုန်အဆန် သင်္ဘောပေါ်မှာပဲ တနှစ်ပတ်လုံး အလုပ်လုပ်နေရသည့် သင်္ဘောသားတွေကို ခုမှပဲ ကိုယ်ချင်းစာမိသည်
ဖေဖေ အတင်းခိုင်းလို့သာပေါ့ အလင်းကိုလည်း Zan လွမ်းလှပြီ
အစက Zan.ဆန္ဒ အတိုင်းသားဆိုရင်၂ပတ် မတိုင်ခင် ပြန်လာဖို့ စီစဉ်ထားပေမယ့် ဗန်းမော်ထိမမျှော်လင့်ဘဲ လိုက်သွားရတော့ ဒီနေ့နဲ့ဆို ရန်ကုန်မှ ထွက်လာတာ ၁၃ရက်ပင်ရှိသွားပြီ
"ဖေဖေ, Zan ဖေဖေခိုင်းတာကို ၂ပတ်အတွင်း
ရန်ကုန်ပြန်ရောက်နိုင်မှ လုပ်ပေးမှာနော်Zan.မှာ အရေးတကြီးချိန်းထားတာရှိတယ်"
"ဟားဟား ဘာလဲ Zan.ကောင်မလေးလား"

YOU ARE READING
All about love
Romance528 နဲ့ 1500 လွန်ဆွဲပွဲမှာ ဘာကိုမှ မငဲ့ကွက်ဘဲ စိတ်ထဲ ရှိတဲ့အတိုင်း တုံ့ပြန်ခွင့်ရရင် ကျွန်တော်ကတော့ အလင်း ကိုပဲ ရွေးမိမလားပဲ Z