CHAPTER 3 (unicode)

474 66 2
                                    

သူမရဲ့ လှုပ်ရှားပုံနဲ့ ခြေလှမ်းတိုင်းကို မျက်တောင်မခတ်ဘဲ Zan ကြည့်နေခဲ့သည် မိန်းမတစ်ယောက်ရဲ့ အလှတရား အောက်မှာ အသက်ရှုဖို့တောင် သတိမရတော့

(ဘာလို့ ဒီလောက်ထိ ဆွဲဆောင်မှုရှိနေတာပါလိမ့်)

"ဟိတ်ကောင်"

"အမလေး ...ဘာလဲ ညီရာ လန့်တာ
နင့်ဟာက ဘယ်တုန်းကရောက်နေတာလဲ"

"ဘာတွေ ငေးနေလို့ ငါရောက်နေတာတောင် မသိတာလဲ"

Zan.မြင်ကွင်းတည့်တည့်မှ  ပြိုင်ကားလေးကို မေ့ငေါ့ပြလိုက်ပြီး

"ဟို ပြိုင်ကားအဝါ မောင်းတဲ့ ကောင်မလေးကို နင်သိလား ညီ"

"ကောင်မလေးမဟုတ်ပါဘူး Zan ရယ် မမကွ မမ"
ညီက ရယ်ရင်းဖြေသည်

"ငါတို့ထက် ၂နှစ်ကြီးတယ် မြို့ပြကလေ"

"ငါ သူ့ကိုချစ်တယ် ညီ"

Zan ဆိုင်းမဆင့် ဗုံမဆင့် ပြောချလိုက်တာကို

"ဘာ? ငါနားကြားများလွဲသွားတာလား"

"ဟုတ်တယ် ငါ သူ့ကိုမြင်လိုက်ရတဲ့ အချိန်မှာ
ပဌာန်းဆက်ရှိခဲ့တဲ့သူ တစ်ယောက်လိုခံစားရတယ်"

"နင့်ကိုတော့ အားနာပါတယ် မမအလင်းရောင်ကလေ LGBT တွေအရမ်းမုန်းတာ"

ညီ့စကားကြောင့် Zan.မျှော်လင့်ချက် Zan.အနာဂတ်ဆိုတာ ဘာမှန်းမသိတော့

" ..... "

အရှိုက်ထိပြီး ငိုင်ကျသွားသည့် Zan.ကို ညီပုခုံးဖြင့်တွန်းလိုက်မှ

"အလင်းရောင်တဲ့လား"

"အင်း သူငယ်ချင်းတွေကတော့ လင်းတဲ့"

"ငါ သူ့ကိုစိတ်ဝင်စားတဲ့ အကြောင်းတော့ သူသိအောင် တနည်းတဖုံ ကြိုးစားကြည့်ချင်တယ်"

တခါမှ လူတစ်ယောက်ကို ချစ်တယ်လို့ ပါးစပ်က ထုတ်မပြောဖူးသည့် သူ့သူငယ်ချင်းကို စိတ်မကောင်းစွာကြည့်ရင်း

"နင်ဘာလုပ်မှာလဲ face to face သွားကြည့်ပြီး မမကို Zan ချစ်တယ်လို့လား

ဟိုကရှက်ရမ်းရမ်းပြီး ပါးရိုက်ထဲ့လိုက်မှ သောက်ရှက် ဗြန်း‌ဗြန်းကွဲမယ့် ကိန်းနော်"

All about loveWo Geschichten leben. Entdecke jetzt