လွန်ခဲ့သော အနှစ် 30
ဧရာဝတီ မြစ်ကြောင်းတလျှောက် ဥဒဟို စုန်ချီဆန်ချီ သွားလာနေသည့် သင်္ဘောကြီးတွေ ကို လသာဆောင် ပေါ်မှ ခေါင်းတညိမ့်ညိမ့် ကြည့်ပြီး ဆေးပြင်းလိပ်တစ်လိပ်ကို ပြုံးပြုံးကြီးဖွာနေသည့် ဦးအောင်သစ်
ပုသိမ်မြို့ ကမ်းနားလမ်းတလျှောက် မြေဧရိယာ ၆ ဧက နီးပါးပေါ်တွင် တန် ၁၅၀ ဆန်စက်ကြီး နှစ်လုံး၊ စပါးအခွံချွတ်စက်၊ အခြောက်ခံစက်နှင့် စပါးနှင့် ဆန်များ သိုမှီးရာ ဂိုဒေါင်ကြီး ၃လုံးတွင် အလုပ်သမားတွေ ပြေးလွှားအလုပ်လုပ်နေကြသည်
ထိုခြံကြီး၏ အမည်နာမကား လူတကာ ပါးစပ်ဖျားတွင် ရေပန်းစားလှသော "အလင်းသစ်" ခြံကြီး ပင်ဖြစ်သည်
ထို ခြံကြီးထဲတွင် ခမ်းနားထည်ဝါလှသည့် နှစ်ထပ်တိုက် အဝါအကြီးကြီး တစ်လုံးလည်း ရှိသေးသည်
ထိုတိုက်အဝါကြီးတွင်တော့ ဧရာဝတီတိုင်း တစ်တိုင်းလုံးတွင် နာမည်သတင်း မွှေးပျံ့ကာ ဂုဏ်အရှိန်အဝါ ကြီးမားလှသည့် သူဌေးကြီး ဦးအောင်သစ်နှင့် တစ်ဦးတည်းသော သမီးလေး အလင်းသစ်တို့ အခြွေအရံ အပေါင်းသင်းစုံလင်စွာဖြင့် ခမ်းနားစွာ နေထိုင်ကြသည်
"ဆရာ"
ဦးအောင်သစ် လက်ထောက်ဆိုလည်း ဟုတ် အားကိုးရဆုံး လူယုံတော်ဆိုလည်း ဟုတ်သည့် အလုပ် သမား ခေါင်းဆောင် Zak ကို မေးဆတ်ပြလိုက်တော့
"အလင်းသစ် ၁၆ က ဖုန်းဆက်ပါတယ် ဆရာ ဒီနေ့နေ့လည် ကပဲ ပခုက္ကူမှာ ဆန်အိတ်တွေ စချနေပါပြီ"
ဦးအောင်သစ်ပိုင်ဆိုင်သော သင်္ဘောတွေမှာ မရေမတွက်နိုင်အောင် များပြားလွန်းလှ၍ သင်္ဘော တွေကို အလင်းသစ် ၁၊ အလင်းသစ် ၂ စသည် ဖြင့် နာမည်တွေနောက်မှာ အမှတ်စဉ်တပ်ထားရလေသည်
"အင်း"
"နောက်တစ်ပတ် စုန်လာမယ်တဲ့ ဆရာ အစုန်အတွက် ဒီဇယ် ၅လုံးလောက်လိုနေလို့ အဲဒါ..."
"ဟေ့ကောင် ငါ မင်းကို အသွားကတည်းက အလုံး ၃၀ တင်ပေးလိုက်ဖို့ပြောထားတယ်လေ"
"ဟုတ်ပါတယ်ဆရာ လမ်းမှာ သောင်ထွန်းတာများလို့ နည်းနည်းကွေ့ပတ်သွားရလို့ ပိုကုန် သွားတယ် လို့ပြောပါတယ်"
YOU ARE READING
All about love
Romance528 နဲ့ 1500 လွန်ဆွဲပွဲမှာ ဘာကိုမှ မငဲ့ကွက်ဘဲ စိတ်ထဲ ရှိတဲ့အတိုင်း တုံ့ပြန်ခွင့်ရရင် ကျွန်တော်ကတော့ အလင်း ကိုပဲ ရွေးမိမလားပဲ Z