"ကဲကဲ အမောပြေ သံပုရာလေးသောက်လိုက်ဦး ပြီးရင် အခန်းထဲ နားနားနေနေ သွားနေနော်သမီး"
ဒေါ်နှင်းဆီ Za တို့ကို ခရီးဦးကြိုပြီးနောက်
မျက်နှာရိပ်မျက်နှာကဲဖြင့်"Za ခဏ"
"အခြေအနေ ဘယ်လိုလဲ သား အလင်းရောင်က တစ်သက်လုံး အဲလိုမေ့သွားတော့မှာလား"
"သားလည်း ဟိုမှာ အကုန်စစ်ခဲ့တာပဲ damage တစ်စုံတစ်ရာတော့ မရှိဘူး မေမေ
ခုထိ သားကို သူမမှတ်မိတာ တစ်ခုပဲ
ထူးဆန်းတာက သားနဲ့လက်ထပ်ခဲ့တဲ့ ဖြစ်စဉ်တစ်ခုလုံးသူမေ့နေတာ"
"ဒါဆို မေမေတို့ကိုရော"
"မပြောတတ်ပါဘူး မေမေရာ နောက်အပတ်မှ သား ဆရာတွေဆီခေါ်သွားပြီး ပြန်စစ်ကြည့်ဦးမယ်"
မေမေသက်ပြင်းသဲ့သဲ့လေးချလိုက်ပေမယ့် Za ကြားဖြစ်အောင်ကြားလိုက်သည်
လူကြီးတွေလည်းစိတ်ပူရှာမှာပေါ့
ဒါတောင်အလင်းတို့ဘက်က ပြဿနာရှာမှာစိုးလို့
မတော်တဆ ချောလဲတယ်ဆိုပြီး ဖုံးဖိထားရသေးသည်"Zan ဖုန်းဆက်မေးသေးတယ်ဆို အဲတုန်းက အေးဆေးပဲ ဘာမှ မဖြစ်ဘူးလို့ ဘာလို့ညာပြောရတာလဲ"
"တစ်အိမ်လုံး ဘာမှလည်း လုပ်မပေးနိုင်ဘဲ စိုးရိမ်နေကြရမှာစိုးလို့ပါဗျာ"
Zaနဲ့မေမေ kitchen ထဲ တိုးတိုးတိုးတိုးပြောနေတုန်း အလင်းရောင်ရောက်လာကာ
"ဟို...ကျွန်မ တခြားအခန်းတစ်ခုရမလား အန်တီ
ကျွန်မ Za နဲ့ ခုလောလောဆယ် တစ်ခန်းထဲ မနေချင်လို့ပါ ကျွန်မကိုနားလည်ပေးပါနော်"မေမေက Za ကို ဘာလုပ်ရမှာလဲ ဆိုတဲ့အကြည့်နဲ့လှမ်းကြည့် Za မေမေ့ကိုခေါင်းငြိမ့်ပြလိုက်သည်
"လှေကားနားကအခန်းတွေ့လား အဲမှာ သမီးနေလိုက်နော် Zan လည်းမနေ့ကမှ ပြောင်းသွားတာဆိုတော့ Zan.အခန်းသမီးယူလိုက်လေ"
Za တအံ့တဩဖြစ်သွားကာ
"Zan ကဘယ်လို""သူတစ်ယောက်ထဲ သီးသီးသန့်သန့်နေချင်လို့တဲ့ သားရယ်
YOU ARE READING
All about love
Romance528 နဲ့ 1500 လွန်ဆွဲပွဲမှာ ဘာကိုမှ မငဲ့ကွက်ဘဲ စိတ်ထဲ ရှိတဲ့အတိုင်း တုံ့ပြန်ခွင့်ရရင် ကျွန်တော်ကတော့ အလင်း ကိုပဲ ရွေးမိမလားပဲ Z