CHAPTER 4 (zawgyi)

127 8 0
                                    

အလင်း...

တနေ့တော့ မြန်မာဝတ်စုံလေးနဲ့ ကားကို ခပ်ကြမ်းကြမ်းမောင်းတတ်တဲ့ ခပ်ချောချော ကောင်မလေးတစ်ယောက် ကျွန်တော့် ရင်ထဲကိုလည်း ခပ်ကြမ်းကြမ်းပဲ တိုးဝင်ခဲ့တယ်

ကျွန်တော့်ဘဝမှာ ခုအချိန်ထိ ရင်ခုန်ဖူးတာ အလင်းတစ်ယောက်ထဲပါ

အလင်းကို ကျွန်တော် ပြောတာတွေ ယုံကြည်ပေးပါလို့ ကျွန်တော် မတောင်းဆိုရဲပါဘူး

မတွေ့ဖူး မဆုံဖူးတဲ့ လူတစ်ယောက် ဖြူသလား မဲသလားတောင် မသိတဲ့ လူတစ်ယောက်ရဲ့ စကားကို အလင်းအတွက် ယုံကြည်ပေးဖို့ ခက်မယ်ဆိုတာ ကျွန်တော် နားလည်ပါတယ်

ကျွန်တော်လည်း အလင်းရှေ့ကို ပေါ်ထွက်လာရဲလောက်အောင်ထိ သတ္တိမရှိလို့ ကျွန်‌တော်ရဲ့ ချစ်ခြင်းမေတ္တာတွေကို ဒီအချစ်သဝဏ်လွှာလေးနဲ့ပဲ
အသိပေးလိုက်ပါတယ်

အလင်းဘယ်ထောက်ထိ မာနကြီးကြောင်း အလင်းကို လိုက်တဲ့ ယောကျာ်းလေးတွေ ဘယ်လောက်ထိများကြောင်း  ဘယ်သူ့ကိုမှလည်း အလင်းလက်မခံခဲ့ဖူးဘူးကြောင်းတွေ  ကျွန်တော် နားနဲ့မဆံ့အောင် ကြားဖူးပါတယ်

ဒါပေမယ့် မြိုသိပ်ထားနိုင်စွမ်းမရှိတော့လို့ အခုလို
ထုတ်ဖော်ပြောပြရတာပါ

အလင်းအနှောက်အယှက်တော့ မဖြစ်လောက်ပါဘူးနော်

ကျွန်တော့် အချစ်ကို အလင်း သိရင်ပဲကျေနပ်ပါတယ် အလင်းဘက်က ကျွန်တော့်ကို ဘာမှ ပြန်ပေးဖို့မလိုအပ်ပါဘူး

မမျှော်လင့်လည်း မမျှော်လင့်ထားပါဘူး

အလင်းကို ချစ်နေရရုံ အလင်းမျက်နှာလေးကို အဝေးက ငေးကြည့်ချင်ရုံပါ

ချစ်တဲ့
Z

အလင်းရောင် ဖက်ဖူးရောင် စာအိတ်လေးကိုင်ပြီး အတွေးကမ္ဘာထဲ နှစ်မြောနေသည်

အလင်းရောင်ဘေးမှာ ပျံဝဲနေသည့် ပျားပိတုန်း တွေဆိုတာ မရေမတွက်နိုင်အောင်ရှိရဲ့နဲ့ ဒီလူ့ကို အလင်းစိတ်ဝင်စားမိတာတော့ အမှန်ပင်

သူ ဘယ်သူလဲ? ကျောင်းမှာ စာလာကပ်သွားတယ်ဆို‌တော့ အလင်းရောင်တို့ကျောင်းကများလား

All about loveWhere stories live. Discover now