CHAPTER 23 (zawgyi)

41 0 0
                                    

တီးတောင် တီးတောင် တီးတောင်

မျက်နှာမသာမယာဖြင့် တံခါးလာဖွင့်ပေးသည့် အလင်းရောင်ကို စိတ်ပြေလိုပြေငြားဇဝ စနောက် လိုက်သည်

"ကဲ မရွှေလင်း ‌ရှင်ကျောင်းဆက်တက်ဖို့ရော အစီအစဉ်ရှိသေးလား"

"ငါ မနက်ဖန်တက်မှာပါ" ဖျော့တော့တော့ လေသံဖြင့် ဖြေလာသည့် အလင်းရောင်ကိုကြည့်ပြီး ဇဝါ ရင်မောလှသည်

"ဒီတစ်ပတ်အတွင်း နင်ကျောင်းပျက်တာ ၂ရက်ရှိပြီနော် လင်း

ငါတို့အတန်းက အတန်းကြီးနေပြီ ပေါ့လို့မရတော့ဘူးဆိုတာ နင်သိပါတယ်"

တံခါးဝမှာ ဘာမှ ပြန်မပြော အတောင့်လိုက်ကြီး ရပ်နေသည့် အလင်းရောင်နဲ့ ခက်တော့ခက်နေပြီ

တကယ်တော့ Zan နဲ့ တွေ့ပြီးမှ အလင်းရောင်ဘဝက မငြိမ်မသက်ဖြစ်လာရတာ

အရင်ကဆို စာနဲ့ မိဘအလုပ်မှာ သူညီဖို့ပဲ အာရုံရတဲ့ အလင်းရောင်ဟာ ခုဆိုအိမ်လည်း မပြန်သလို သူ့ဖေဖေအလုပ်တွေလည်း သိပ်ဝင်မပါဖြစ်တော့

ကျောင်းကလည်း ခဏခဏ ပျက်တာ ၇၅% ပြည့်တယ်ဆိုရုံလေးသာ

မနေ့ကလည်း Zan ပြန်မလာလို့ဆိုပြီး ဆပ်ပြာသယ် လင်ပျောက်သလို ဖျတ်ဖျတ်ကို လူးလို့

နင်တို့ ကြားမှာ အကန့်အသတ်တွေ ရှိနေပြီလို့ ပြောတာလည်းမရ

တကယ်ကို တားမရ ဆီးမရ

အချစ်က အဲလောက်တောင် လူတစ်ယောက်ကို လွှမ်းမိုးနိုင်တာတဲ့လား

Zan!

Zan!

အင်း အမ Zan နဲ့တွေ့ပြီး ဆွေးနွေ့ဖို့လိုနေပြီထင်တယ်

Zan. အကြောင်းတွေးမိမှ Zan များရှိနေမလားဆိုပြီး အခန်းထဲကို မျက်စိကစားကြည့်လိုက်တော့ တခြားသက်ရှိတစ်ယောက်ယောက် ရှိနေမည့်ပုံမပေါ်တာမို့

"ဒါနဲ့ Zan ရော"

"ငါလည်း Zan.ကိုရှာ‌နေတာ ငါနိုးလာတော့ Zan မရှိတော့ဘူး ဇဝါ

Zan တစ်ခုခုဖြစ်နေတယ်

ဘာလဲတော့ ငါလည်းမသိဘူး

Zan ငါ့ကိုရှောင်နေတယ်လို့ စိတ်ထဲက ခံစားနေရတယ်"

လာပြန်ပြီ ဒီ Zan

All about loveDonde viven las historias. Descúbrelo ahora